ဖာပွန်ဒေသမှာ ၂ ရက် အတွင်း ပူးပေါင်းတပ်ဘက်က ၃ ဦးကျဆုံး

ဖာပွန်ဒေသမှာ ၂ ရက် အတွင်း ပူးပေါင်းတပ်ဘက်က ၃ ဦးကျဆုံး
နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ် ၊ ဖာပွန်ဒေသ တိုက်ပွဲမှာ ၂ ရက်အတွင်း ပူးပေါင်းတပ်ဘက်က တပ်စုမှူး အပါအဝင် ၃ ဦးကျဆုံးခဲ့ရတယ်လို့ သက်ဆိုင်ရာစစ်ကြောင်းတွေထံကသိရပါတယ်။
ကျဆုံးတပ်ဖွဲ့ဝင်တွေဟာ KNU ၊ PDF တနာထူးစော (တပင်ရွှေထီး) စစ်ကြောင်းက တပ်ဖွဲ့ဝင် ၂ ဦးနဲ့ အာဠာဝကစစ်ကြောင်းမှ တပ်စုမှူး တို့ဖြစ်ပါတယ်။
တနာထူးစော(တပင်ရွှေထီး)စစ်ကြောင်း တပ်ဖွဲ့ဝင် ၂ ဦးဟာ မေလ ၂၃ ရက်က ဖာပွန် ဒေသတွင်း စစ်ဆင်ရေးမှာ ကျဆုံးသွားတာပါ။
အာဠာဝကစစ်ကြောင်း ရဲ့ တပ်စုမှူး ကိုကောင်း ကတော့ မေလ ၂၄ ရက် ဖာပွန် တိုက်ပွဲမှာပဲ ကျဆုံးခဲ့ရတယ်လို့ အဲဒီစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်မြို့မှာ စစ်ကောင်စီ က စစ်ဗျုဟာ အခြေချထားပြီး ခလရ -၁၉ ၊ ခမရ−၃၄၀ ၊ ခမရ −၃၄၁ ၊ ခမရ − ၄၃၄ ခြေလျင် ခြေမြန်တပ်ရင်းတွေရှိပါတယ်။
အဲဒီတပ်ရင်းတွေထဲက KNU နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ရာမှာ ခမရ − ၃၄၀ ၊ ခမရ − ၃၄၁ တို့ကို ပဲ သိမ်းယူဖို့ ကျန်ရှိနေတာပါ။