ရန်ကုန်တွင် “တရားတဲ့သူသာ နိုင်ကြေးဟေ့” စစ်အာဏရှင်ဆန့်ကျင်ရေး ပိုစတာ ချိတ်ဆွဲပြီး ၂၀၀၈ အခြေခံဥပဒေကို မီးရှို့နေစဉ် စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်၊ တော်လှန်ရေးလူငယ်များ အထိအခိုက်မရှိ လွတ် မြောက်

ရန်ကုန်တွင် “တရားတဲ့သူသာ နိုင်ကြေးဟေ့” စစ်အာဏရှင်ဆန့်ကျင်ရေး ပိုစတာ ချိတ်ဆွဲပြီး ၂၀၀၈ အခြေခံဥပဒေကို မီးရှို့နေစဉ် စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်၊ တော်လှန်ရေးလူငယ်များ အထိအခိုက်မရှိ လွတ် မြောက်
ရန်ကုန်၊ မေ ၂၇

ရန်ကုန်မြို့၊ လှိုင်မြို့နယ်တွင် ယမန်နေ့ စစ်အာဏာရှင် ဆန့်ကျင်ရေး “တရားတဲ့သူသာ နိုင်ကြေးဟေ့” သပိတ်ပိုစတာ ချိတ်ဆွဲပြီး ၂၀၀၈ အခြေခံဥပဒေစာအုပ်ကို မီးရှိုနေ့စဉ် စစ်တပ်က ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း တော်လှန်ရေးရဲဘော်များက ပြောသည်။
မေလ ၂၆ ရက်နေ့ စစ်အာဏာရှင် ဆန့်ကျင်ရေး Shinobi အဖွဲ့သားများက အကြမ်းဖက်စစ်ကောင်စီကို “ဥယျာဉ်မှူးစစ်ဆင်ရေးအနေဖြင့် လှိုင်မြို့နယ်တစ်နေရာ၌ “တရားတဲ့သူသာနိုင်ကြေးဟေ့” ဆိုသည့်စာသားဖြင့်သပိတ်ပိုစတာ စာသားချိတ်ဆွဲခဲ့ကြောင်း၊ ယင်းနောက် ၂၀၀၈ အခြေခံဥပဒေစာအုပ်ကို မီးတင်ရှို့နေစဉ်အတွင်း အနီးအနားရှိ သတင်းပေးဒလန်၏တိုင်ကြားမှုကြောင့် အကြမ်း ဖက်စစ်အုပ်စုရောက်လာပြီး ‌သေနတ်ဖြင့် ၃ ချက်တိတိပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ သို့ရာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး Shinobi အဖွဲ့သားများမှာတစ်ဦး တစ်ယောက်မှ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။