ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များသို့ ယခုရက်ပိုင်းအတွင်း PDF များ ဝင်ရောက်မည်ဆိုသော သတင်းများကြောင့် ဧည့်စာရင်းတိုင်ကြားသူစာရင်းကို အချိန်နှင့်တပြေးညီ တင်ပြရန် စစ်ကောင်စီက ညွှန်ကြား

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များသို့ ယခုရက်ပိုင်းအတွင်း PDF များ ဝင်ရောက်မည်ဆိုသော သတင်းများကြောင့် ဧည့်စာရင်းတိုင်ကြားသူစာရင်းကို အချိန်နှင့်တပြေးညီ တင်ပြရန် စစ်ကောင်စီက ညွှန်ကြား

ရန်ကုန်၊ မေ ၂၅

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များသို့ ယခုရက်ပိုင်းအတွင်း PDF များ ဝင်ရောက်မည်ဆိုသော သတင်းများကြောင့် ဧည့်စာရင်းတိုင်ကြားသူစာရင်းကို အချိန်နှင့်တပြေးညီ တင်ပြရန် ရန်ကုန်တိုင်းစစ်ကောင်စီက ညွှန်ကြား လာကြောင်း စစ်ကောင်စီသတင်းရင်းမြစ်က ပြောဆိုသည်။

ယခုမေလနှောင်းပိုင်း မိုးဦးရာသီအစကာလ တောတွင်းမှ စစ်သင်တန်းဆင်း PDF များ ရန်ကုန်မြို့သို့ပြန်လည် ဝင်ရောက်မည်ဆိုသော သတင်းများကြောင့် စစ်ကောင်စီက ဧည့်စာရင်းများကို နေ့တိုင်း မဖြစ်မနေ အချိန်နှင့် တပြေးညီ တင်ပြရန် တောင်းဆိုလာကြောင်း သိရှိရသည်။

“အရင်လည်း ဧည့်စာရင်းတွေကို မြို့နယ်ဆီပို့ရပေမယ့် အခုကတော့ အချိန်နဲ့ တပြေးညီ စစ်တပ်ဆီ ပို့ခိုင်းတာ။ ဗိုက်ဗာကနေ ပို့ဖို့လည်း လှမ်းပြောတယ်” ဟု သင်္ဃန်းကျွန်းမြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီက ဧည့်စာရင်းတိုင်ကြားသူများ၏ စာရင်းကို ပေးပို့ခိုင်းရာတွင် ကိုယ်ရေးရာဇဝင်အကျဉ်ိး၊ ဓာတ်ပုံများကိုပါ ဖြစ်နိုင်လျှင် ပို့ဆောင်ခိုင်းနေကြောင်း၊ ထို့ပြင် ရန်ကုန်တိုင်းမြို့နယ်များတွင်လည်း စစ်ကောင်စီတပ်က စစ်သားအရေအတွက် တိုးချလာကြောင်း သိရှိရသည်။

“ဧည့်စာရင်း စာရင်းပို့ရမှာ ဓာတ်ပုံနဲ့ ကိုယ်ရေးအကျဉ်းပါရင် ပိုကောင်းတယ်လို့ စစ်တပ်က ပြောလာတယ်” ဟု သင်္ဃန်းကျွန်းမှ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်က ဆိုသည်။

ထို့ပြင် သင်္ဃန်းကျွန်းမြို့နယ်ရုံးတွင်လည်း ပုံမှန် စစ်သား ၇ ဦးခန့်သာ ထားရှိရာမှ ယခုအခါ စစ်သား ၁၀ ဦးခန့် တိုးမြှင့်ချထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရှမ်းပြည်နယ်၊ မိုင်းယောင်းတွင် ၂၀၂၂ ခုနှစ်အတွင်း ဧည့်စာရင်း စစ်ဆေးနေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။