တမူးမှာ စစ်အုပ်စုရဲ့ ချောင်းမြောင်းပစ်ခတ်ခံရပြီး တော်လှန်ရေး ရဲဘော် လေးဦး ကျဆုံး၊

တမူးမှာ စစ်အုပ်စုရဲ့ ချောင်းမြောင်းပစ်ခတ်ခံရပြီး တော်လှန်ရေး ရဲဘော် လေးဦး ကျဆုံး၊

ကိုသူ/MFP ၊ မေ- ၂၃

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် အထက်ပိုင်း ကျွန်းပင်သာကျေးရွာ အနီးမှာ မေ(၂၁)ရက်က စစ်အုပ်စုရဲ့ ချောင်းမြောင်း ပစ်ခတ်ခံရပြီး တော်လှန်ရေးရဲဘော် လေးဦး ကျဆုံးတယ်လို့‌ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

တမူးနယ်ထဲ စစ်ရေးလှုပ်ရှားဖို့ သွားလာရင်း စစ်အုပ်စုရဲ့ ကြားဖြတ်တိုက်ခိုက်ခံရကာ တော်လှန်ရေး ရဲဘော် လေးဦး ကျဆုံးတာလို့ တမူးနယ်ခံ စစ်ရေး သတင်းရင်းမြစ်တစ်ဦးက MFP ကို ပြောပါတယ်။

“သူတို့က လမ်းမှာ ဖြတ်တိုက် ခံလိုက်ရလို့ ကျဆုံးသွားတာ ဖြစ်ပါတယ်”

ကျဆုံးရဲဘော်လေးဦးဟာ ကူကီးအမျိုးသားတပ်မတော် – Kuki National Army – Burma (KNA-B) တပ်ဖွဲ့က ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရဲဘော်တွေ ကျဆုံးမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကူကီးတပ် – KNA-B ကတော့ ထုတ်ပြန်တာ မရှိသေးပါဘူး။

အဲ့ဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်အုပ်စုက သတင်းဖြန့်ရာမှာ မေ(၂၁)ရက် မနက်(၉)နာရီကျော်က တမူးမြိုနယ်၊ ကျွန်းပင်သာ ကျေးရွာအနီး တိုက်ပွဲဖြစ်ပွါးရာ PDF အလောင်းလေးလောင်း၊ အမ်-၂၂ သေနတ် တစ်လက်၊ ကျည်အိမ်၊ ကျည်၊ Drone တစ်စီး သိမ်းဆည်းရရှိတယ်လို့ ဆိုပါတယ်။

တမူးမြို့နယ် ကျွန်းပင်သာကျေးရွာအနီး စစ်အုပ်စုရဲ့ ချောင်းမြောင်းပစ်ခတ်ခံရကာ တိုက်ပွဲဖြစ်ပြီးနောက် ကျဆုံးတဲ့ တော်လှန်ရေးရဲဘော် လေးဦး/Photo – CJ