Breaking News ရန်ကုန်မြစ်အတွင်း သမ္ဗာန်တိမ်းမှောက်၊ ၉ ဦး ပျောက်ဆုံးနေ

လှိုင်မြစ်အတွင်း စက်လှေတိုက်မှုဖြစ်ပြီး ကျောင်းသား ၃ ဦးအပါအဝင် ပြည်သူ ၈ ဦးပျောက်ဆုံးနေ
ရန်ကုန်၊ ဇူလိုင် ၁၀

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ လှိုင်မြစ်အတွင်း၌ စက်လှေတိုက်မှုဖြစ်ပြီး ကျောင်းသား ၃ ဦး အပါအဝင် ပြည်သူ ၈ ဦးပျောက်ဆုံးနေကြောင်း ရောင်စဉ်မဲ့ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဇူလိုင်လ ၁၀ နံနက် ၈ နာရီခန့်က ကြည့်မြင်တိုင်တဖက်ကမ်းရှိ ဦးမြလှိုင်လမ်းမှ ကြည့်မြင်တိုင် ဗားကရာဆိပ်ကမ်းသို့ ကူးလာသည့် စက်လှေသမ္ဗာန်တစ်စီးသည် တွဲသင်္ဘောတစ်စီးကို တိုက်မိပြီး နစ်မြှုပ်သွားရာ စက်လှေပေါ်ပါ ၁၆ ဦးအနက် ကျောင်းသား ၃ ဦးအပါအဝင် ၈ ဦးပျောက်ဆုံးနေ ကြောင်း၊ ပျောက်ဆုံးနေသူများကို ရေကြောင်းရဲတပ်ဖွဲ့နှင့် ကူညီရေးအသင်းအဖွဲ့များ ပူးပေါင်းကာ လိုက်လံရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။
“ဒီနေ့မနက် ၈ နာရီ ၁၀ မိနစ်လောက်က ဦးမြလှိုင်လမ်းကနေ ဒီဘက် ကြည့်မြင်တိုင်ဗားကရာဘက် ကို ကူးတာ၊ အနောက်ဘက်ကမ်းကနေ ကူးလာတာ။ အခုပျောက်ဆုံး ၈ ယောက်ထဲမှာ‌ ကျောင်းသား ၃ ယောက်ပါပါတယ်။ ဒီဘက်က တွဲသင်္ဘောကို တိုက်ပြီးတော့ မြှုပ်သွားတာ။ ပျောက်နေတဲ့သူတွေ ကိုတော့ ရေကြောင်းရဲတပ်ဖွဲ့ဝင်တွေနဲ့ ကျနော်တို့ကူညီကယ်ရေးအသင်းအဖွဲ့ဝင်တွေပေါင်းပြီး သမ္ဗာန် တွေနဲ့ လိုက်ရှာနေတယ်။ကယ်လို့ရတဲ့သူတွေထဲက စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရတဲ့သူတွေတော့ ရန်ကုန်ဆေးရုံကြီးကို ပို့ထားတယ်၊ ဒဏ်ရာရတာတော့မဟုတ်ပါဘူး။ တချို့အကြောက်လွန်သွား တာပေါ့၊ တချို့ကတော့ ပို့ဖို့မလိုပါဘူး” ဟု ရောင်စဉ်မဲ့ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။