ရဟတ်ယာဉ်ပျက်ကျမှုကြောင့် သေဆုံးသွားသော အီရန် သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီး အပါအဝင် အစိုးရ အရာရှိများ၏ အလောင်းများကို သယ်ယူ

ရဟတ်ယာဉ်ပျက်ကျမှုကြောင့် သေဆုံးသွားသော အီရန် သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီး အပါအဝင် အစိုးရ အရာရှိများ၏ အလောင်းများကို သယ်ယူ
ရန်ကုန်၊ မေ ၂၀

အီရန်သမ္မတ Ebrahim Raisi နှင့် နိုင်ငံခြားရေးဝန်ကြီး Hossein Amir Abdollahian အပါအဝင် အီရန်အစိုးရ အရာရှိများ စုစုပေါင်း လူ ၉ ဦးလိုက်ပါသော ရဟတ်ယာဉ်ပျက်ကျပြီး သမ္မတအပါအဝင် အစိုးရအရာရှိ ၉ ဦးလုံး သေဆုံးသွားကြောင်း အီရန်အစိုးရက တရားဝင်ကြေညာသည်။
လက်ရှိတွင် အီရန်သမ္မတအပါအဝင် သေဆုံးသူများ၏ ရုပ်အလောင်းများကို Tabriz မြို့သို့ ပို့ဆောင်မည်ဖြစ်ကြောင်း၊ အီရန်သမ္မတနှင့်အဖွဲ့သည် မေလ ၁၉ ရက်နေ့ ရေကာတာစီမံကိန်းဖွင့်ပွဲ တက်ရောက်ပြီး ပြန်အလာ အီရန်- အဇာဘိုင်ဂျန်နယ်စပ်တွင် ရာသီဥတုဆိုးဝါးသဖြင့် ရဟတ်ယာဉ်ပျက်ကျခဲ့ကြောင်း သိရှိရသည်။
အီရန်အစိုးရက သမ္မတ အပါအဝင် အစိုးရအရာရှိများ သေဆုံးကြောင်း ကြေညာခဲ့ပြီး လက်ရှိဒုသမ္မတ Mohammad Mokhbar က ယာယီသမ္မတအဖြစ် တာဝန်ယူကာ သမ္မတရွေးကောက်ပွဲကို ရက်ပေါင်း ၅၀ အတွင်း ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။
ရဟတ်ယာဉ်ပျက်ကျမှုကြောင့် သေဆုံးသူများတွင် အီရန်သမ္မတ Raisi၊ နိုင်ငံ ခြားရေးဝန်ကြီး Hossein Amir Abdallahiyan၊ လုံခြုံရေးအရာရှိ Raisi Mehdi Mousavi ၊ ခရိုင်အကြီးအကဲ Mohammad Ali al-Hashem ၊ ခရိုင်အုပ်ချုပ်ရေးမှူး Malik Rakhmati ၊ ရဟတ်ယာဉ်မောင်းသူများ အပါအဝင် စုစုပေါင်း ၉ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။