စစ်တပ်မှလွဲ၍ လက်နက်ကိုင်အဖွဲ့များ လက်နက်စွန့်ရန် ဒေါ်သက်သက်ခိုင် ပြော

by

in

စစ်တပ်မှလွဲ၍ လက်နက်ကိုင်အဖွဲ့များ လက်နက်စွန့်ရန် ဒေါ်သက်သက်ခိုင် ပြော
ဧရာဝတီ၊ မေ ၁၁၊ ၂၀၂၅
အပစ်ခတ်ရပ်စဲရေးမှ ထာဝရငြိမ်းချမ်းရေးသို့ ရောက်ရှိစေရန် စစ်တပ်ကလွဲ၍ လက်နက်ကိုင်အဖွဲ့အစည်းများ လက်နက်စွန့်ကြရန် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က ယနေ့ ရန်ကုန်မြို့တွင်ပြုလုပ်သည့် ပါတီသတင်းစာရှင်းလင်းပွဲ၌ ပြောဆိုသည်။
၎င်းက “အပစ်ခတ်ရပ်စဲရေးကနေ ထာဝရငြိမ်းချမ်းရေးကိုရောက်အောင် တပ်မတော်ကလွဲပြီး ကျန်လက်နက်ကိုင်အဖွဲ့တွေ လက်နက်စွန့်ဖို့ကြိုးစားကြပါ၊ နိုင်ငံရေးစကားဝိုင်းကို လာကြဖို့ အဓိက ပြောချင်ပါတယ်” ဟု ဆိုသည်။
နိုင်ငံရေးဖြစ်စဉ် မတည်ငြိမ်စေရန်လုပ်ဆောင်သည့်သူများမှာ ပြည်သူ လူထု၊ ပြည်တွင်းရှိနိုင်ငံရေးသမားများ၊ စစ်တပ်နှင့် နိုင်ငံတကာစွက်ဖက်မှုများလည်းပါဝင်နေကြောင်း ပြည်သူများ အမြင်ကျယ်ရန်လိုကြောင်းလည်း ၎င်းက ပြောဆိုသည်။
ထို့ပြင် နိုင်ငံရေးပါတီက အစိုးရဖြစ်လာပြီးမှလုပ်ဆောင်သည့် ရွေးကောက်ပွဲမှာ မသမာမှုဖြစ်ဖို့ အလားအလာရှိပြီး စစ်ကောင်စီ ပြုလုပ်သည့် ရွေးကောက်ပွဲမှာ သမာသမတ်ရှိသည့်ရွေးကောက်ပွဲ ဖြစ်ကြောင်း ဒေါ်သက်သက်ခိုင်က ပြောဆိုသည်။
လက်ရှိတွင် PPP ပါတီအနေဖြင့် လာမည့်ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်သွားရန်ပြင်ဆင်နေပြီး ရွေးကောက်ပွဲ ကတိကဝတ်ရေးဆွဲ၍ တင်ပြသွားမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။
ဓာတ်ပုံ-PPP
#WhatsHappeningInMyanmar
#RejectMilitaryCoup