မဇ္ဈိမ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာအပါအဝင် နိုင်ငံပေါင်း ၂၁ နိုင်ငံကို ခရီးမသွားသင့်သည့် နိုင်ငံများအဖြစ် ယင်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် မေလ ၈ရက်က ထပ်မံဖော်ပြလိုက်သည်။
အမေရိကန်သည် ခရီးသွားလာရန်မသင့်သော နိုင်ငံများကို အဆင့် (၁ )မှ (၄ )အထိ သတ်မှတ်လေ့ရှိပြီး အဆင့် (၄ )က အမြင့်ဆုံးသတိပေးချက်ဖြစ်သည်။ အသက်အန္တရာယ်ခြိမ်းခြောက်မှုဖြစ်နိုင်ခြေရှိသော နေရာများကို အဆင့် (၄) အဖြစ် သတ်မှတ်လေ့ရှိသည်။
အမေရိကန်က အဆင့် (၁) အပြာရောင်၊ အဆင့် (၂ )အဝါရောင်၊ အဆင့် (၃) လိမ္မော်ရောင်၊ အဆင့် (၄ )အနီရောင် တို့ကို ထုတ်ပြန်ပြီး၊ နိုင်ငံများကို ခရီးသွားလာမှုနှင့် ပတ်သက်ပြီး အဆင့်သတ်မှတ်လေ့ရှိသည်။
အနီရောင် အဆင့် (၄ )သည် ခရီးသွားခြင်းမပြုသင့်သည့် အမြင့်ဆုံးသတ်မှတ်ချက် အဆင့်ဖြစ်သည်။
ဤအဆင့်ကို ဒေသဆိုင်ရာအခြေအနေများနှင့် အမေရိကန်၏ အကန့်အသတ်ဖြင့် အကူအညီပေးနိုင်မှုအပေါ် အခြေခံ၍သတ်မှတ်ထားသည်။
ဤနေရာများသည် အန္တရာယ်များပြီး သွားရောက်လည်ပတ်ခြင်းဖြင့် အလွန် အမင်းအန္တရာယ်ဖြစ်စေနိုင် ကြောင်း ဖော်ပြထားသည်။
ယခု ထပ်မံထုတ်ပြန်လာသောရန် ခရီးမသွားသင့်သည့် အန္တရာယ်အရှိဆုံးနိုင်ငံများစာရင်းတွင် အာဖဂန် နစ္စတန်၊ ဘီလာရုစ်၊ ဘာကီနာဖာဆို၊ မြန်မာ၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ဟေတီ၊ အီရန်၊ အီရတ်၊ လက်ဘနွန်၊ လစ်ဗျား၊ မာလီ၊ မြောက်ကိုရီးယား၊ ရုရှား၊ ဆိုမာလီယာ၊ တောင်ဆူဒန်၊ ဆူဒန်၊ ဆီးရီးယား၊ ယူကရိန်း၊ ဗင်နီဇွဲလား၊ ယီမင်နိုင်ငံတို့ပါဝင်သည်။