ဖားကန့်သို့ ထိုးစစ်ဆင်လာသော စစ်တပ်ကို ဆိုင်းဖရာရွာနှင့် ကပ်မှော်ရွာအနီးတို့တွင် တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံး မှုများပြား

by

in

ဖားကန့်သို့ ထိုးစစ်ဆင်လာသော စစ်တပ်ကို ဆိုင်းဖရာရွာနှင့် ကပ်မှော်ရွာအနီးတို့တွင် တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံး မှုများပြား
ရန်ကုန်၊ မေ ၉
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်သို့ ထိုးစစ်ဆင်လာသော စစ်တပ်နှင့် ဆိုင်းဖရာကျေးရွာ၊ ကပ်မှော်ကျေးရွာတို့အနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုများ ပြားလျက်ရှိကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ မေလ ၈ ရက်နေ့က ဖားကန့်မြို့နယ်၊ ဆိုင်းဖရာကျေးရွာအတွင်း ဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်းကို KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်တပ်က အထိနာပြီး ကပ်မှော်ကျေးရွာသို့ ပြန်ဆုတ်သွားကြောင်း၊ ထိုအပြင် ကပ်မှော်ကျေးရွာဘုန်းကြီး ကျောင်းတွင် တပ်စွဲထားသော စစ်တပ်ကိုလည်း KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားလျက်ရှိကြောင်း သိရသည်။
“မနေ့က ၈ ရက်နေ့မှာက ဒီဆိုင်းဖရာရွာထဲဝင်လာတဲ့ စစ်ကောင်စီအဖွဲ့တွေကို KIA ၊ KPDF ပူးပေါင်း အဖွဲ့က စောင့်ကြိုတိုက်ခိုက်တယ်၊ အဲဒီလိုတိုက်တော့ ဆိုင်းဖရာကနေ ကပ်မှော်ကို ပြန်ဆုတ် သွား တယ်။ ကပ်မှော်ဘုန်းကြီးကျောင်းမှာ သူတို့ဝင်နေတဲ့အချိန်လည်း KIA ၊ KPDF ပူးပေါင်းအဖွဲ့က တစ် နေကုန်ဝင်တိုက်တာပေါ့၊ ဝင်တိုက်တော့ သူတို့ကအတော်ထိနာတယ်။ ဒီ ၃ ပတ် အတွင်းမှာ စစ် ကောင်စီဘက်ကနေ အထိအခိုက် အကျအဆုံးများတာပေါ့။ တင့်ကားတွေ ၊ ဒရုန်းတွေ၊ လေယာဉ် တွေနဲ့ လေကြောင်းကနေတိုက်ခိုက်ပြီးတော့ ထိုး စစ်ဆင်လာပေမယ့်လည်း KIA ၊ KPDF ပူးပေါင်းအဖွဲ့ က ပိတ်ဆို့တိုက်ခိုက်ထားတဲ့အတွက် ၃ ပတ်ကြာတဲ့အထိ ဖားကန့်ကို မရောက်နိုင်သေးဘူး။ စစ်တပ်က အထိ အခိုက် အကျအဆုံးတော်တော်များနေတယ်။” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ထိုသို့ အထိနာသော အကြမ်းဖက်စစ်တပ်က ကပ်မှော်ကျေးရွာနှင့် ဆိုင်းဖရာကျေးရွာတစ်ဝိုက်ကို မေလ ၈ ရက်နေ့ ညနေပိုင်း တစ်ကြိမ်၊ ည ၉ နာရီကျော်တွင် ၂ ကြိမ် လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ဒရုန်း၊ လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်လျက်ရှိကြောင်း သိရသည်။
“ဆိုင်းဖရာရွာနဲ့ကပ်မှော်ရွာတဝိုက်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနေ့တိုင်းရှိတယ်။ သူတို့ ဘက်ကအထိနာတော့ လေကြောင်းတိုက်ခိုက်မှုက နေ့တိုင်းလုပ်နေတာ၊ မနေ့တုန်းကလည်း တော် တော်တိုက်ပွဲပြင်းထန်တယ်။ သူတို့ ဒရုန်းတွေနဲ့ ပစ်တာရှိတယ်။ လက်နက်ကြီးနဲ့ ပစ်တာရှိတယ်။ သူတို့က ဒီ ၃ ပတ်အ တွင်းမှာ လဝါကျေးရွာက နေကားမိုင်း၊ ကာ မိုင်းကနေ ရေကာတာ၊ အဲဒီကနေ နန့်ယားရွာ ၊ နန့်ယား က နေ ကပ်မှော်၊ ဆိုင်းဖရာအထိ ရောက် လာတာပေါ့၊” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို ပြန်လည်စိုးမိုးနိုင်ရန် အကြမ်းဖက်စစ်ကောင်စီတပ်၊ ပြည်သူ့စစ်၊ ရဲ အင်အား ၆၀၀ ကျော်ဖြင့် တင့်ကား ၂ စီး၊ ဒရုန်း၊ လက် နက်ကြီးများဖြင့် ကာမိုင်း -နန့်ယား -ဖားကန့် လမ်းပိုင်းမှ စစ်ကြောင်းတစ်ကြောင်း၊ ဟိုပင်-အင်းတော်ကြီး – ဝှေခါလမ်းပိုင်းမှ အင်အား ၃၀၀ ကျော် ဖြင့် စစ်ကြောင်း တစ်ကြောင်းတို့ဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့က လည်း ပိတ်ဆို့တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
“ဖားကန့်ကိုဝင်တဲ့လမ်းကြော ၃ ခုစလုံး KIA ၊ KPDF ပူးပေါင်းအဖွဲ့က သိမ်းပိုက်ထားတယ်၊ စိုးမိုးထား တယ်၊ တာမခန်-ဆယ်စင်း-ဖားကန့်လမ်း ၊ ဟိုပင် -အင်းတော်ကြီး-ဝှေခါ-ဖားကန့်လမ်း ၊ ပြီးလို့ရှိရင် ကာမိုင်း -နန့်ယား-ဖားကန့်လမ်း လမ်းကြော ၃ ခုလုံးကို KIA ၊ KPDF ပူးပေါင်းအဖွဲ့က နယ်မြေစိုးမိုး သိမ်းပိုက်ထားတယ်ဆိုတော့ သူတို့က ဒီလမ်းကြောကို ပြန်လိုချင်တာပေါ့၊ အဲဒါကြောင့် ဖားကန့် ဘက်ကို အင်အားထောင်ဂဏန်းနဲ့ မြေပြင်ကရော ဝေဟင်ကပါ ထိုးစစ်ဆင်နေပါတယ်။” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ဖားကန့်မြို့ပေါ်တွင်လည်း စစ်ကောင်စီတပ်သားများမှာ တပ်အတွင်း၌နေထိုင်နေရ ပြီး မြို့တွင်း နယ်မြေ စိုး မိုးမှုလုပ် ဆောင်နိုင်ခြင်း မရှိကြောင်း၊ လတ်တ လော စစ်ကောင်စီ၏ ဖားကန့်မြို့နယ်၊ ကံဆည်းဗျူဟာကုန်းတွင် စစ်ဗျူဟာမှူးအသစ် တစ်ဦးကို ရဟတ်ယာဉ်ဖြင့်ပို့ဆောင်လာကာ စစ် အင်အားထပ်တိုး၍ နယ်မြေ စိုးမိုးရေး လုပ်ဆောင်နိုင်ရန် စစ်တပ်က ကြိုးစားနေ ခြင်းဖြစ်ကြောင်း သိရသည်။