အရေးပေါ် အခြေအနေ ကြေညာထား၍ စစ်မှုထမ်းတပ်သားများ ၂ နှစ်ထက်ပိုမို တာဝန်ထမ်းဆောင်ရမည်ဟု စစ်တပ်အတွင်း အသိပေး 🟥 ၂ နှစ်ပြည့်စစ်မှုထမ်းတပ်သားများကို အကြပ်ရာထူး များပေးမည်ဖြစ်ပြီး ဘွဲ့ရဆိုလျှင် ဗိုလ်သင်တန်း တက်ခွင့်ပေးမည်ဟု မက်လုံးပေး

by

in

အရေးပေါ် အခြေအနေ ကြေညာထား၍ စစ်မှုထမ်းတပ်သားများ ၂ နှစ်ထက်ပိုမို တာဝန်ထမ်းဆောင်ရမည်ဟု စစ်တပ်အတွင်း အသိပေး
🟥 ၂ နှစ်ပြည့်စစ်မှုထမ်းတပ်သားများကို အကြပ်ရာထူး များပေးမည်ဖြစ်ပြီး ဘွဲ့ရဆိုလျှင် ဗိုလ်သင်တန်း တက်ခွင့်ပေးမည်ဟု မက်လုံးပေး
ရန်ကုန်၊ ဧပြီ ၂၅
စစ်အာဏာသိမ်းမှုကြောင့် အရေးပေါ် အခြေအနေ ကြေညာထား၍ စစ်မှုထမ်းတပ် သားများအနေဖြင့် ၂ နှစ်ထက်ပိုမို တာဝန်ထမ်းဆောင်ရမည်ဟု စစ်တပ်အတွင်း အသိပေးမှုများ လုပ်ဆောင်လာကြောင်း စစ်မှုထမ်းတပ်သားအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
၂၀၂၄ ခုနှစ် မေလတွင် စစ်မှုထမ်းအပတ်စဉ် ၁ တက်ရောက်ခဲ့ပြီး ရှမ်းပြည် နယ် တောင်ပိုင်း၊ ပင်လောင်းတွင် တာဝန်ချထားခြင်းခံရသည့် စစ်မှုထမ်းတပ် သားတချို့ကို စစ်ကောင်စီတပ်မှ တပ်ရင်းမှူးများက နိုင်ငံတော်သည် လက်ရှိတွင် အရေးပေါ် အခြေ အနေ ကြေညာထားကြောင်း၊ ပုံမှန်အားဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှု ထမ်းတပ်သားများအနေဖြင့် ၂ နှစ် တာဝန်ထမ်းဆောင်ပြီးလျှင် စစ်မှုထမ်းတာဝန်ပြီးဆုံးမည်ဖြစ်သော်လည်း လက်ရှိတွင် နိုင်ငံတော်မှာ အရေးပေါ် အခြေအနေ ကြေညာထားသဖြင့် စစ်မှုထမ်းရမည့် သက်တမ်းမှာ ၂ နှစ် ထက်ပိုမိုမည်ဟု အသိပေးလာခြင်းဖြစ်ကြောင်း သိရှိရသည်။
“စစ်မှုထမ်းအပတ်စဉ် ၁ ဆင်းတွေက လာမယ့် ၂၀၂၆ ခုနှစ် မေလမှာ စစ်မှုထမ်းသက် ၂ နှစ်ပြည့်မှာပါ။ ပင်လောင်းဘက်မှာ တာဝန် ကျတဲ့ စစ်မှုထမ်း အပတ် စဉ် ၁ ဆင်း သင်တန်းသားတချို့ကိုတော့ တပ်ရင်းမှူးတွေက နိုင်ငံတော်က အရေး ပေါ် အခြေအနေ ကြေညာထားလို့ ၂ နှစ်ပြည့်ရင်လည်း ဆက်လက် တာဝန်ထမ်းဆောင်ရနိုင်တယ်ဆိုတာကို ဒါဘာအစည်းအဝေးမှာ အသိပေးတယ် ” ဟု စစ်မှုထမ်းသင်တန်းအပတ်စဉ် ၁ ဆင်း တပ် သားတစ်ဦး၏ မိခင်ဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့​ ပြောဆိုသည်။
ထို့ပြင် စစ်မှုထမ်းတပ်သားများအနေဖြင့် စစ်မှုထမ်းသက် ၂ နှစ်ပြည့်ပြီးပါ ဆက်လက် တာဝန်ထမ်းဆောင်လျှင် ဒုတပ်ကြပ်၊ တပ် ကြပ်နှင့် တပ်ကြပ်ကြီး ရာထူးများကို ပေးအပ်မည်ဖြစ်ပြီး ဘွဲ့ရများဆိုလျှင် အလုပ် သင်ဗိုလ်သင်တန်းများသို့ လျှောက် ထားနိုင်ရန် ထောက်ခံပေးမည်ဖြစ်ကြောင်း၊ အခြေခံပညာအထက် တန်းကျောင်း ပြီး ဆုံးထားသူများကိုလည်း ပညာသည် တပ် ကြပ်ကြီး သင်တန်းကျောင်းများသို့ တက်ရောက်နိုင်ရေး ထောက်ခံစီစဉ်ပေးမည်ဟု မက်လုံးပေးလာကြောင်း သိရှိရသည်။
“တပ်ထဲမှာ ကိုယ်ရေးရာဇဝင်ဖြည့်တော့ ဘွဲ့ရနဲ့ တက္ကသိုလ်ဝင်တန်းအောင်တွေဆိုရင် စစ်မှုထမ်း ၂ နှစ်ပြည့်ပြီးတာနဲ့ ဗိုလ်သင်တန်းနဲ့ အလုပ်သင်ဗိုလ်သင်တန်းတွေ တက်ခွင့်ပေးမယ်။ အလယ်တန်းနဲ့ အထက်တန်းအောင်တွေကိုတော့ အကြပ်ကြီး ပညာသည် သင်တန်းကျောင်းတွေကို တက်ခွင့်ပေးမယ်။ တပ် ကြပ်ကြီးစာရေး ဖြစ်သွားလို့ရှိရင် နိုင်ငံခြားမှာ စစ်သံမှူးတွေနဲ့ လိုက်ပါ တာဝန်ထမ်းဆောင်ရမယ်ဆိုပြီး သင်တန်းကျောင်းအုပ်ချုပ်သူတွေက ပြောပါတယ်။ စစ်တပ်ထဲမှာ တက်လမ်းတွေ အများကြီးလို့ ပြောတယ်။ သူတို့ပြောတဲ့ပုံစံအရကတော့ စစ်မှုထမ်း ၂ နှစ်ပြည့်ပြီးလည်း ထွက်လို့ရမယ့်ပုံတော့မရှိဘူး” ဟု ဟိုပုံးမြို့ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းမှ စစ်မှုထမ်း သင် တန်းစဉ် ၇ ဆင်း တပ်သားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ဖေ့ဘုတ်စ်လူမှုကွန်ရက် မက်ဆင်ဂျာမှတစ်ဆင့် ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန်ထားသော ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ ပုဒ်မ ၄၉ တွင် နိုင်ငံတော်တွင် ကာကွယ်ရေးနှင်လုံခြုံရေး အခြေအနေ ပေါ် ပေါက် ပါက အရွယ်ရောက်သူအားလုံးကိုဖြစ်စေ၊ တချို့ကို ဖြစ်စေ၊ ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ပြီးသူအားလုံးကိုဖြစ်စေ၊ အချို့ဖြစ်စေ၊ စစ်စည်းရုံးခြင်း အမိန့်ထုတ်ဆင့် စစ်မှုထမ်းခိုင်းမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။