စစ်ကိုင်းငလျင်ကြောင့်မန္တလေးမှာဂျပန်နိုင်ငံသားတစ်ဦးသေဆုံးခဲ့တယ်လို့ဂျပန်အစိုးရအတည်ပြု
■ ဧပြီ ၁၂ ရက်အထိ့ တရုတ်နိုင်ငံသား ၈ ဦးသေ
ဆုံးပြီး ၁၃ ဦးဒဏ်ရာရတယ်လို့တရုတ်သံရုံးအတည်ပြု
ဧပြီ-၁၅၊၂၀၂၅။People’s Spring
မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးအတွင်း ဂျပန်နိုင်ငံသား တစ်ဦး သေဆုံးခဲ့ကြောင်း ဂျပန်အစိုးရက အတည်ပြုခဲ့ပါတယ်။
မတ်လ ၂၈ ရက်နေ့တုန်းက ပြင်းအား မဂ္ဂနီကျု ၇.၇ အဆင့်ရှိ ငလျင်ကြီးနောက်ပိုင်း ဒါဟာ ဂျပန်နိုင်ငံသား တစ်ဦး သေဆုံးမှုကို ပထမဆုံးအကြိမ် အတည်ပြုခြင်းလည်း ဖြစ်လာပါတယ်။
ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အရာရှိ တစ်ယောက်က မန္တလေးမှာ ပျောက်ဆုံးနေခဲ့တဲ့ ဂျပန်နိုင်ငံသားဟာ သေဆုံးသွားတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ မြန်မာရဲ့ ဒုတိယ အကြီးဆုံး မြို့ဖြစ်တဲ့ မန္တလေးဟာ ငလျင်ဒဏ်ကို ဆိုးဆိုးရွားရွား ခံစားခဲ့ရတဲ့ နေရာတွေထဲက တစ်ခုပါ။
ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အဆိုအရဂျပန် အစိုးရဟာ ပျောက်ဆုံးနေတဲ့ နိုင်ငံသားကို ရှာဖွေပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးကနေတဆင့် သက်ဆိုင်ရာအာဏာပိုင်တွေကိုတိုက်တွန်းတောင်း
ဆိုခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက်ရုပ်အလောင်းကိုတော့ပြီးခဲ့တဲ့သီတင်း
ပတ်ကုန်ကမှ ရှာတွေ့ခဲ့တာပါ။အဲဒီလိုရှာတွေ့အောင်ကူညီပေးခဲ့တဲ့ကယ်ဆယ်ရေးနဲ့ ရှာဖွေရေး အဖွဲ့သားအားလုံးကိုလည်းဂျပန်အစိုးရက ကျေး
ဇူးတင်ကြောင်း ဧပြီ ၁၄ ရက်နေ့မှာ ဂျပန် အစိုးရ
အဖွဲ့ အတွင်းရေးမှူး ယိုရှီမာဆာ ဟာယာရှီက ပြောကြားသွားပါတယ်။
ဒါအပြင်မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲအတည်ပြုချက်အရ စစ်ကိုင်းမြေငလျင်ကြောင့် ဧပြီလ ၁၂ ရက်နံနက်ပိုင်းအထိ တရုတ်နိုင်ငံသား ၈ ဦးသေဆုံးခဲ့ပြီး ၊ ဒဏ်ရာရသူ ၁၃ ဦးရှိတယ်လို့ China Dalily သတင်းဌာနကဖော်ပြပါတယ်။
ဖျက်အားပြင်းငလျင်ကြောင့်ပြိုကျခဲ့တဲ့ Sky Villa မှာ ပိတ်မိသူတွေထဲမှာ ဖိလစ်ပိုင်နိုင်ငံ နဲ့ ထိုင်ဝမ်နိုင်ငံသားအချို့လည်းပါဝင်တယ်လို့သတင်းထွက်ပေါ်ခဲ့ပါတယ်။ဒါပေမယ့် အဲဒီနိုင်ငံသားတွေနဲ့ပတ်သက်ပြီး နောက်ဆက်တွဲသတင်းတွေမသိရသေးပါဘူး။
ကိုးကား- The Nation
(မြေငလျင်ကြောင့်ပြိုက်သောအဆောက်အအုံအတွင်း ကယ်ဆယ်ရေးသမားများကရှာဖွေကယ်ဆယ်ရေးလုပ်နေစဥ်)
