ဖလမ်းမြို့သိမ်းတိုက်ပွဲ​​အောင်ပွဲရ KRF တပ်ဖွဲ့ဝင်​တွေကိုပြည်သူ​တွေကြိုဆို

by

in

ဖလမ်းမြို့သိမ်းတိုက်ပွဲ​​အောင်ပွဲရ KRF
တပ်ဖွဲ့ဝင်​တွေကိုပြည်သူ​တွေကြိုဆို

ဧပြီ-၁၄၊၂၀၂၅။People’s Spring
ချင်းညီ​နောင်နဲ့ မဟာမိတ်တပ်​တွေက​အောင်မြင်စွာထိုးစစ်ဆင်သိမ်းပိုက်ခဲ့တဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲကပြန်လည်ရောက်ရှိလာတဲ့ ကလေးဒေသတော်
လှန်ရေးတပ် (KRF) ရဲဘော်​တွေကို​ဒေသခံပြည်သူ​တွေက​အောင်သ​ပြေပန်း​တွေနဲ့ ကြိုဆိုဂုဏ်
ပြုခဲ့ကြပါတယ်။ချင်းညီ​နောင်နဲ့အတူ AA အပါ
အဝင် စစ်ကိုင်း၊မ​ကွေး၊​ယော​ဒေသ​တွေက မဟာ
မိတ် တပ်ဖွဲ့ ၁၇ ဖွဲ့ကအတူပူး​ပေါင်းပြီး ၂၀၂၄ နို
ဝင်ဘာ ၉ ရက်ကစပြီး ချင်းပြည်နယ်ရဲ့ဒုတိယမြို့​တော်ဖလမ်းမြို့ကစစ်တပ်စခန်း​တွေကိုထိုးစစ်ဆင်ခဲ့ပါတယ်။ ၂၀၂၅ နိုဝင်ဘာ ၉ ရက်မှာ​တော့ဖလမ်းမြို့နယ်မှ စစ်​ကောင်စီကင်းစင်သွားပြီဖြစ်​ကြောင်း​ကြညာနိုင်ခဲ့ပါတယ် ။ ဖလမ်းမှာစစ်တပ်ရဲ့​နောက်
ဆုံးကျန်ထဲ့တဲ့ ခလရ (၂၆၈)သိမ်းတိုက်ပွဲမှာ​စစ်
တပ်ကလေ​ကြောင်းပစ်ကူအကြိမ်​ရေအ​မြောက်အများ​ပေးခဲ့တဲ့ကြားက​တော်လှန်​ရေးတပ်​တွေကသိမ်းပိုက်ခဲ့တာပါ။ ခလရ (၂၆၈)တပ်ရင်းမှူး​သေ
ဆုံးခဲ့သလို စစ်တပ်အရာရှိ​တွေအပါအဝင်စစ်သား ၂၀၀​ကျော်ဖမ်းဆီးနိုင်ခဲ့ပြီး​တော့ ​ဟောင်ဝစ်ဇာအပါအဝင်လက်နက်မျိုးစုံအများအပြားသိမ်း
ဆည်းနိုင်ခဲ့တာဖြစ်ပါတယ်။ဖလမ်းမြို့သိမ်းတိုက်ပွဲမှာပါဝင်ဆင်နွှဲခဲ့ပြီး​အောင်ပွဲရခဲ့တဲ့ KRF တပ်ဖွဲ့ဝင် ​တွေရဲ့အိမ်အပြန်ခရီးကို ရုပ်သံမှတ်တမ်းမှာ​တွေ့ရမှာဖြစ်ပါတယ်။
ရုပ်သံ-KRF

■Photo News
ချင်းညီ​နောင်နဲ့ မဟာမိတ်တပ်​တွေက​အောင်မြင်စွာထိုးစစ်ဆင်သိမ်းပိုက်ခဲ့တဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲကပြန်လည်ရောက်ရှိလာတဲ့ ကလေးဒေသတော်
လှန်ရေးတပ် (KRF) ရဲဘော်​တွေကို​ဒေသခံပြည်သူ​တွေက​အောင်သ​ပြေပန်း​တွေနဲ့ ကြိုဆိုဂုဏ်
ပြုခဲ့ကြပါတယ်။ချင်းညီ​နောင်နဲ့အတူ AA အပါ
အဝင် စစ်ကိုင်း၊မ​ကွေး၊​ယော​ဒေသ​တွေက မဟာ
မိတ် တပ်ဖွဲ့ ၁၇ ဖွဲ့ကအတူပူး​ပေါင်းပြီး ၂၀၂၄ နို
ဝင်ဘာ ၉ ရက်ကစပြီး ချင်းပြည်နယ်ရဲ့ဒုတိယမြို့​တော်ဖလမ်းမြို့ကစစ်တပ်စခန်း​တွေကိုထိုးစစ်ဆင်ခဲ့ပါတယ်။ ၂၀၂၅ နိုဝင်ဘာ ၉ ရက်မှာ​တော့ဖလမ်းမြို့နယ်မှ စစ်​ကောင်စီကင်းစင်သွားပြီဖြစ်​ကြောင်း​ကြညာနိုင်ခဲ့ပါတယ် ။ ဖလမ်းမှာစစ်တပ်ရဲ့​နောက်
ဆုံးကျန်ထဲ့တဲ့ ခလရ (၂၆၈)သိမ်းတိုက်ပွဲမှာ​စစ်
တပ်ကလေ​ကြောင်းပစ်ကူအကြိမ်​ရေအ​မြောက်အများ​ပေးခဲ့တဲ့ကြားက​တော်လှန်​ရေးတပ်​တွေကသိမ်းပိုက်ခဲ့တာပါ။ ခလရ (၂၆၈)တပ်ရင်းမှူး​သေ
ဆုံးခဲ့သလို စစ်တပ်အရာရှိ​တွေအပါအဝင်စစ်သား ၂၀၀​ကျော်ဖမ်းဆီးနိုင်ခဲ့ပြီး​တော့ ​ဟောင်ဝစ်ဇာအပါအဝင်လက်နက်မျိုးစုံအများအပြားသိမ်း
ဆည်းနိုင်ခဲ့တာဖြစ်ပါတယ်။ဖလမ်းမြို့သိမ်းတိုက်ပွဲမှာပါဝင်ဆင်နွှဲခဲ့တဲ့ KRF တပ်ဖွဲ့ဝင် ​​တွေကိုပြည်သူ​တွေကကြိုဆို​နေကြတဲ့မြင်ကွင်းဖြစ်ပါတယ်။
ဓါတ်ပုံ-KRF