ကျိုင်းတုံမြို့၊ KTV တွင် ရမ်းကားခဲ့သည့် ရဲတစ်ဦး ဓားထိုးခံရ

ကျိုင်းတုံမြို့၊ KTV တွင် ရမ်းကားခဲ့သည့် ရဲတစ်ဦး ဓားထိုးခံရ
ရန်ကုန်၊ ဇွန် ၁၁

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ရှိ KTV တစ်ခုတွင် ရမ်းကားခဲ့သည့် ရဲတစ်ဦး ဓားထိုးခံရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၉ ရက်နေ့ ည ၁၁ နာရီကျော်အချိန် ကျိုင်းတုံမြို ၊ ယန်းခမ်းစျေးအနီး KTV မှ ပြန်လာသော ရဲတစ်ဦးကို လူတချို့က ဓားဖြင့်ထိုးပြီး ၀ိုင်းဝန်း ရိုက်နှက်ကြကြောင်း ၊ ဓားဖြင့် ထိုးခံရသည့် ရဲမှာ ဒဏ်ရာ ပြင်းထန်သော အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရှိရသည်။
“KTV မှာ ငြိလာကြတာလို့ပြောတယ်။ အဲဒါ ရဲကို အပြန်မှာ လိုက်ပြီး ရိုက်နှက် ထိုးကြိတ် ဓားနဲ့ထိုးတာ။ ဓားနဲ့ ထိုးခံရတဲ့ ရဲကတော့ သေတော့ မသေဘူးလို့ သိရတယ်” ဟု ကျိုင်းတုံဒေသမှ ပြည်သူတစ်ဦးက ပြောဆိုသည်။
စစ်အာဏာသိမ်းပြီးနောက် ကျိုင်းတုံမြို့တွင် လက်နက်ကိုင်ပြည်သူ့စစ်များ၊ ဒုစရိုက်ဂိုဏ်းများ ပေါများလာပြီး မူးယစ်ဆေးဝါးနှင့် လောင်းကစားလုပ်ငန်းများ တိုးပွား များပြားလာကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။