စဉ့်ကူး၊ လက်ပံလှရွာကို စစ်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသူ ၂၇ ဦးတွင် ရုပ်အလောင်းပျက်စီးသူများ ပါဝင်ပြီး အလောင်းများထပ်မံရှာဖွေနေ၊ ဒဏ်ရာရသူ ၃၂ ဦးတွင်လည်း စိုးရိမ်ရသူများပါဝင်သဖြင့် သေဆုံးသူ ထပ်တိုးလာနိုင်

by

in

စဉ့်ကူး၊ လက်ပံလှရွာကို စစ်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသူ ၂၇ ဦးတွင် ရုပ်အလောင်းပျက်စီးသူများ ပါဝင်ပြီး အလောင်းများထပ်မံရှာဖွေနေ၊ ဒဏ်ရာရသူ ၃၂ ဦးတွင်လည်း စိုးရိမ်ရသူများပါဝင်သဖြင့် သေဆုံးသူ ထပ်တိုးလာနိုင်
ရန်ကုန်၊ မတ် ၁၅

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံလှရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ၄ လ အရွယ် ကလေးငယ် နှင့် ကလေး ၆ ဦး အပါအဝင် ပြည်သူ ၂၇ ဦး သေဆုံးပြီး ၃၂ ဦး ထိခိုက်ဒဏ်ရာရကာ သေဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်း စဥ့်ကူးမြို့နယ် ပကဖ သတင်း တာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ မတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၄ မိနစ်ခန့်တွင် စဉ့်ကူးမြို့နယ်၊ လက်ပံလှရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း အသက် ၄ လ အရွယ် ကလေးငယ် ၁ ဦး နှင့် ကလေး ၆ ဦး အပါအဝင် ပြည်သူ ၂၇ ဦး သေဆုံးခဲ့ပြီး ပြည်သူ ၃၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူ ၃၂ ဦးတွင်လည်း အသက် အန္တရာယ် စိုးရိမ်ရသော ပြင်းထန်ဒဏ်ရာရရှိသူများ ပါဝင်ပြီး သေဆုံးမှု အရေအတွက် ထပ်တိုးနိုင်ကြောင်း၊ ထို့ပြင် ပြည်သူပိုင် နေအိမ် ၅ လုံးလည်း မီးလောင် ပြာကျခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေက အကြောင်းမဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ စိုးရိမ်ရ ဒဏ်ရာရတဲ့သူတွေ ပါဝင်ပါတယ်။ အခု အတည်ပြုနိုင်တာ ၂၇ ဦးပေါ့။ အသက် ၄ လ အရွယ် ကလေးငယ်နဲ့ ကလေး ၆ ဦးလည်း သေဆုံးမှုထဲမှာ ပါဝင်တယ်လို့ သိရတယ်။ တချို့ရုပ်အလောင်းတွေက မီးလောင်ကျွမ်းသွားတယ်။ နယ်မြေရှင်းလင်းရေး လုပ်ပြီး ရုပ်အလောင်းတွေ ရှိနိုင်ဦးမလား ရှာဖွေနေပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူကတော့ ၃၂ ဦးရှိတယ်။ နေအိမ် ၅ လုံးလည်း မီးလောင်ပြာကျသွားတယ်” ဟု စဥ့်ကူးမြို့နယ် ပကဖ သတင်း တာဝန်ခံက ပြောဆိုသည်။

မြိုင်က ရွာနှစ်ရွာဗုံးကြဲခံရ ကိုရင်ကြီး တစ်ပါးအပါအဝင် ၃ ဦး​သေဆုံး
■​ကျောင်ထိုင်ဆရာ​တော်အပါအဝင်ပြည်သူ
အနည်းဆုံး ၁၆ ဦးဒဏ်ရာရ
ကဖီး၊ရှိန်း/ People’s Spring
မ‌ကွေးတိုင်း၊မြိုင်မြို့နယ်ကကျေးရွာနှစ်ရွာကို မတ်၁၄ ရက်​နေ့မှာ စစ်တပ်က​လေ​ကြောင်းက​နေဗုံးကြဲတာ​ကြောင့်ဘုန်ကြီး​ကျောင်းထိမှန်ပြီး ကိုရင်ကြီး ၁ ပါး၊ပြည်သူ၂‌‌ဦးသေဆုံးခဲ့ပြီးကျောင်း
ထိုင်ဆရာတော်အပါအဝင် ၁၆‌‌ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ‌​တွေက​ပြောပါတယ်။
မတ်လ ၁၄ ရက်နေ့၊မနက်၁၁နာရီ ၅၃ မိနစ်မှာ မိတ္ထီလာရှမ်းတဲလေတပ်ကလာတဲ့ ဂျက်ဖိုက်တာ၂စီးနဲ့ မြိုင်မြို့နယ်အ​နောက်ပိုင်းက ဝဲတောင်ရွာဘုန်းကြီး ကျောင်း၊ရွာမြောက်ပိုင်းနဲ့ ဆူးဝင်းရွာတို့ကို လေ
ကြောင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။
ဝယ်တောင်(တောင်)ရွာဘုန်းကြီး ကျောင်းတိုက်ခိုက်ခံရမှုမှာဘုန်းကြီးကျောင်းတစ်ခုလုံး မီးလောင်ပြိုကျခဲ့ပြီး​တော့ သက်​တော် ၃၀ ခန့်အရွယ်ကိုရင်ကြီး ၁ပါးပျံလွန်တော်မူခဲ့သလို အသက်၂၀အရွယ်အမျိုးသား၂‌‌ဦးနဲ့ခဲ့ပါတယ် ။ဒါအပြင် ကျောင်းထိုင်ဘုန်းကြီး ၊ကိုရင် ၂ ပါးနဲ့ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ တွေရခဲ့တယ်လို့​ဒေသခံတချို့က​ပြောပါတယ်။
ဒါအပြင်ရွာမြောက်ပိုင်းမှာလည်းနေအိမ်၂လုံးမီး လောင်ပျက်ဆီးခဲ့ပြီး ပြည်သူ ၇ ဦးထိခိုက်ဒဏ်ရာ တွေရရှိခဲ့တယ်လို့သိရပါတယ်။
“အိမ်က တော့လုံးလုံး ပျောက်ပဲ။အိမ်ရှင်အန်တီကြီးက ကတုပ်ကျင်းထဲ နေနေလို့လွတ်တာ”လို့ ဒေသခံတဦးက ပြောပါတယ်။
ဆူးဝင်းရွာ‌‌စာကြည့်တိုက်ရဲ့အ ရှေ့ဘက်လည်း
တချိန်ထဲလေ ကြောင်းတိုက်ခိုက်ခံခဲ့ရပြီး နေအိမ်
၁လုံးပျက်ဆီးကာပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။
မတ်လ ၁၄ ရက် နေ့ညနေကပဲ မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊လက်ပန်လှကျေးရွာကို စစ်တပ်ကလေ ကြောင်းတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၂၇ ဦးအထိ သေဆုံးပြီး ၃၀ ​​ကျော်ဒဏ်ရာရခဲ့ပါသေးတယ်။
စစ်ကောင်စီသည် မြိုင်မြို့နယ်ထဲကို ဖေဖော်
ဝါရီလကုန်ပိုင်းကစပြီး လေကြောင်းတိုက်ခိုက်မှု​တွေမကြာခဏပြုလုပ်နေပါတယ်။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ဆုံကုန်းကျေးရွာကိုလေကြောင်း
မှ တိုက်ခိုက်ရာ ဒေသခံ ၁၁ဦးသေဆုံးခဲ့ပါတယ်။
လေကြောင်းအန္တရာယ်ကာကွယ်ရေးအတွက် ဒေသခံ​တွေဗုံးခိုကျင်း​တွေတူးကြဖို့ ၊ ဒေသတွင်းသို့ဝင်ရောက်လာသူ​တွေကို သေချာစိစစ်ကြဖို့၊တော်လှန်ရေးအဖွဲ့အစည်း​တွေက ဆက်သွယ်ရေးအတွက်သုံးသော ဆက်သွယ်ရေးလိုင်းများမှလွဲ၍ ကျန် လိုင်းများပိတ်ရန် မြိုင်မြို့နယ်ပြည်သူ့ကာ
ကွယ်ရေးတပ်ဖွဲ့က မတ်လ၃ရက်​နေ့မှာထုတ်ပြန်ခဲ့ပါတယ် ။
မြိုင်မြို့နယ်ပါဝင်တဲ့ ပခုက္ကူခရိုင်မှာလည်း လေ
ကြောင်းအန္တရာယ်အတွက် ​ဒေသခံ ပြည်သူ​တွေအနေနဲ့လေကြောင်းအန္တရာယ် ၊ Paramotor(စက်တပ်လေထီး) အန္တရာယ်​တွေ သတိပြုကြဖို့ ၊ လူစုလူဝေးမလုပ်ကြဖို့ ၊ အိမ်တိုင်းဗုံးခိုကျင်းတူးထားကြဖို့ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မတ်လ ၁၄ ရက်​နေ့မှာ ထုတ်ပြန်ထားပါတယ် ။