မန္တ​လေးPDFကMNDAA နှင့်အနီးကပ်ပူး​ပေါင်း၍ စစ်အာဏာရှင်ချုပ်ငြိမ်းရေး ၊ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်နိုင်ရေးဆက်လက်ချီတက်မည်

by

in

မန္တ​လေးPDFကMNDAA နှင့်အနီးကပ်ပူး​ပေါင်း၍
စစ်အာဏာရှင်ချုပ်ငြိမ်းရေး ၊ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်နိုင်ရေးဆက်လက်ချီတက်မည်
-တေဇ / People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(မန္တ​လေး PDF) အနေဖြင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) နှင့်အနီးကပ်ပူးပေါင်းလက်တွဲကာ ဘုံရန်သူဖြစ်​သော စစ်အာဏာရှင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဆက်လက်ချီတတ်သွားမည်ဟုထုတ်ပြန်
သည်။
မတ် ၁၁တွင်ကျရောက်သည့် MNDAA ၏ ၃၆ နှစ်ပြည့် တပ်မတော်နေ့ သို့‌ မန္တ​လေးPDF ကပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာတွင်ထည့်သွင်း​ဖော်ပြထားခြင်းဖြစ်သည်။
“၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းနှင့် ဒုတိယလှိုင်းတို့၏ အောင်မြင်မှုများနှင့်အတူ ကိုးကန့်အမျိုး
သားတို့၏ ပြီးမြောက်ခဲ့ပြီဖြစ်သော “အိမ်ပြန်ခရီး”အတွက်လည်း ကျွန်ပ်တို့ကအထူးပင်ဝမ်းသာပီတိဖြစ်ရပါတယ်” ဟု မန္တ​လေးPDFက ထုတ်ပြန်ထားသည်။
၁၀၂၇ စစ်ဆင်ရေးသည် စစ်အာဏာရှင် အပြီးတိုင်ချုပ်ငြိမ်းရေး ၊ အမျိုးသားတန်းတူရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးတို့အတွက် များစွာအထောက်အကူပြုခဲ့ပြီး မန္တ​လေးPDF အနေဖြင့် MNDAA အပါအဝင် မဟာမိတ်တော်လှန်ရေးအဖွဲ့များဖြင့်ပူးပေါင်းလုပ်ဆောင်နိုင်ခဲ့သည့်အပေါ် ဂုဏ်ယူကြောင်း ဆိုသည်။
ထို့ကြောင့် မန္တ​လေးPDF အနေဖြင့် မပြီးဆုံး​သေး​သော ​တော်လှန်​ရေးခရီးကြမ်း၏ ​ရှေ့အနာဂါတ်တွင်လည်း ​နောင်​တော် ​တော်လှန်​ရေးအဖွဲ့အစည်းကြီးဖြစ်​သော MNDAA နှင့် အနီးကပ်ပူးပေါင်း၍ ဘုံရန်သူဖြစ်​သော စစ်အာဏာရှင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဆက်လက်ချီတတ်သွားမည်ဖြစ်ပြီး ၎င်းတို့စိုးမိုးထားသည့်ဒေသများတွင်နေထိုင်ကြသည့် ပြည်သူများ၏ လူမှုစီးပွားအဆင်ပြေစေရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်မည်ဟု အသိပေးထားသည်။
ထို့အပြင် ယနေ့ကျရောက်သည့် ၃၆ နှစ်မြောက်တပ်မတော်နေ့မှစ၍ MNDAA အထူးဒေသ (၁) အုပ်ချုပ်‌ရေးကော်မတီနှင့် ကိုးကန့်အမျိုးသားတို့ အပါအဝင် တိုင်းရင်းသား ပေါင်းစုံပြည်သူလူထုအနေဖြင့် ၎င်းတို့ဒေသရှိပြည်သူလူထု၏ ရည်
မှန်းချက်များအပြည့်အဝအောင်မြင်ကာ ပြည်ထောင်စုတစ်ရပ်လုံး တိုင်းရင်းသားပြည်
သူလူထုအားလုံး၏ ရည်မှန်းချက်များ အပြည့်အဝအောင်မြင်ရန် ဆုတောင်းပေးထားသည်။
မန္တ​လေးPDF သည် ၁၀၂၇ ဒုတိယလှိုင်း​(ခေါ်) ရှမ်းမန်းစစ်ဆင်​ရေးတွင် စဥ့်ကူး ၊​နောင်ချို ၊မိုးကုတ် ၊မိုးမိတ် မြို့သိမ်းတိုက်ပွဲများကို မဟာမိတ်တပ်များနှင့်ပူး​ပေါင်း၍ ​အောင်မြင်စွာဆင်နွှဲခဲ့သည်။ထို့အပြင် မတ္တရာမြို့နယ် အ​ရှေ့ရှမ်းရှိ စစ်တပ်စခန်း ၄၀ ခန့်ကိုသိမ်းပိုက်ထိန်းချုပ် ၍ မတ္တရာအ​ရှေ့ရှမ်းကို ထိန်းချုပ်ထားသည်။ ယခုအခါ မတ္တရာ ၊သပိတ်ကျင်း ၊​နောင်ချို မြို့နယ်တို့တွင် စစ်​ကောင်စီတပ်ကို ဆက်လက်တိုက်ခိုက်​နေသည်။
(စဥ့်ကူး ၊​နောင်ချို ၊မိုးကုတ် မြို့သိမ်းတိုက်ပွဲများ​အောင်မြင်စွာဆင်နွှဲပြီး​နောက် မန္တ​လေးPDFတပ်ဖွဲ့ဝင်များ​အောင်ပွဲခံ​နေစဥ်။ဓါတ်ပုံ-MDY-PDF)