ဖူးမေမေ ရုပ်ရှင်သရုပ်ဆောင် ဒေါ်မြင့်မြင့်ခိုင် (ခ) ဒေါ်မြင့်မြင့် ကြူ ရဲ့ KBZ bank Special account က နေ မှ သိန်း ၁၂၀ ကျော် ကို ၁၂.၂.၂၀၂၅ မနက် ၁၁:၃၀ မှာ အကောင့်ဟက်ခံလိုက်ရပြီးတခြားအကောင့်ထဲကိုလွှဲသွင်းခံလိုက်ရပါတယ်ရှင်!
OTP ကုတ် ကို MPT SIM card ထဲ ကျ လာတဲ့
အချိန် မှာတော့ ဖူးမေမေက ဆေးခန်းမှာရှိနေခဲ့ပီး message ကို အဲ့အချိန်နဲ့ သိပ်မကြာခင်အိမ်ပြန်ရောက်တဲ့အချိန်တွေ့လိုက်တဲ့အချိန် မှာ ဘဏ်အကောင့်ထဲဝင်စစ်ကြည့်တော့သိန်း ၁၂၁ သိန်း ၉ သောင်း ၄ ထောင် က ဖူးတို့လုံးဝမသိတဲ့အကောင့်တခုထဲလွှဲထားပါတယ်! သိသိချင်း ကျန်ငွေ တွေကိုတော့ ဖူးအကောင့်ထဲအမြန်လွှဲခဲ့လို့ သိန်း၁၂၀ ကျော်ပါသွားတယ်ပဲမှတ်ပါတယ်😢
မေမေက KBZ bank မှာ လွန်ခဲ့တဲ့တလကမှ လုပ်ငန်းသုံးကိစ္စလေးရှိလို့ Special အကောင့် ဖွင့်ထားတာပါ! တလ မပြည့်ခင်ဒီလိုဖြစ်တာကိုခံလိုက်ရပါတယ်ရှင်! သတင်းတွေကြားနေကျမို့ သတိကြီးကြီးထားနေရင်း နဲ့မှဖြစ်လ်ို့စိတ်မကောင်းဖြစ်ရပါတယ်! Kpay နဲ့ အဲ့ဒိအကောင့်ကိုလဲလုံးဝ Link မလုပ်ထားပါ! OTP လဲဘယ်သူမှမပေးပါ! ပိုသေချာတာက အကောင့်အသစ် မို့ အဲ့ထဲက Transactions ဆိုတာက ဖူး အကောင့်တခု ထဲကိုပဲလွှဲထားတာ ဖြစ်တဲ့ အတွက် အဲ့ ဒိ transaction အသစ် က အရမ်းကို သိသာပါတယ်!! Facebook တောင်မေမေကသိပ်မသုံးတဲ့သူမို့ ဘာLink မှလဲ မနှိပ်မိပါဘူးရှင်!
ဖူးတို့ သိန်း၁၂၀ ကျော်ပါသွားတာသိရခြင်းခြင်း call center ကိုလဲဆက်သွယ်ခဲ့ပါတယ်! ဘဏ်သွားမယ်လုပ်ပေမယ့် ဘဏ်ပိတ်ရက်မို့ ဘဏ်ကဒီနေ့ ၁၃ ရက်နေ့ မှာ ရုံးချုပ်ကိုသွားခဲ့ပါတယ်! သေချာရေရာမှုအဖြေရမလာပဲနဲ့ ပြန်လာခဲ့ရပါတယ်! Fraud case ကိုလွှဲပေးမယ်ပဲပြောခဲ့ပါတယ်. ဖူးတို့ရဲ့ အားနည်းချက်တခုကတော့ ရဲစခန်းမှ ပြစ်မှုဖွင့်ပါလို့ပြောပေမယ့် မေမေ့ဖုန်းက လုပ်ငန်းကိစ္စတွေ ရှိနေတဲ့အတွက်အမှုဖွင့်ရင် ဖုန်းပေးလိုက်ရပြီး ကြာနိုင်လို့မဖွင့်ခဲ့လိုက်ရတာကြောင့် အခုပိုက်ဆံသိန်း၁၂၀ ကျော်ကဆုံးပြီလို့ပဲသတ်မှတ်လိုက်ရတော့မယ်အခြေနေရှိပါတယ်! ဖူးတို့လို့မဖြစ်အောင် အားလုံးအတွက်သတိပေးချင်တာပါရှင်! Share ပေးချင်းနှင့်ကူညီပါနော်🙏🙏
PhooNgone EiKhyne Tha