ရှမ်း-မန်းစစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့သည့် PDF ရဲဘော်များ ရေဦးမြို့နယ်သို့ ပြန်လာရောက်ရှိ (ရုပ်/သံ)
ဖေဖော်ဝါရီ ၁၃၊ ၂၀၂၅
ရှမ်း-မန်း စစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့ကြတဲ့ YEU PDF ရွှေဘိုခရိုင် PDF တပ်ရင်းအမှတ်(၁၄) ရဲဘော်တွေ ရေဦးမြို့နယ်ကို ပြန်လည်ရောက်ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။
မဟာမိတ်တပ်တွေနဲ့အတူ ၇ လကြာတိုက်ခိုက်ခဲ့ပြီး ပြန်လာကြတဲ့ ရဲဘော်တွေ ကို ရေဦးပကဖ၊ ရေဦးပအဖနဲ့ ရပ်ကျေးပြည်သူတို့က လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။
စစ်ဆင်ရေးအတွင်း YEU PDF ရွှေဘိုခရိုင် တပ်ရင်း(၁၄) က တပ်ရင်းတစ်ရင်းလုံးပါဝင်တိုက်ခိုက်ခဲ့ ပြီး ရဲဘော် ၃ ယောက်ကျဆုံးခဲ့ကာ ၂ ယောက် ပြင်းထန်ဒဏ်ရာနဲ့ ၈ ယောက် အသေးစားဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Video -Myint Htwe
ရှမ်းမန်းစစ်ဆင်ရေးမှာ တပ်ရင်းတစ်ခုလုံးနီးပါး ပူးပေါင်းခဲ့တဲ့ ရေဦး PDF အိမ်ပြန်ရောက်ပြီ…
ဖေဖော်ဝါရီ ၁၃၊ ၂၀၂၅
ရှမ်းမန်းစစ်ဆင်ရေးအဖြစ် မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေးတွေမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ရွှေဘိုခရိုင်တပ်ရင်း ၁၄ – ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တွေ မနေ့က ညနေပိုင်းမှာ မိခင်တပ်ရင်းရှိရာ ရေဦးမြို့နယ်ကို ပြန်လည်ရောက်ရှိပြီလို့ သိရပါတယ်။
၂၀၂၄ ခုနှစ် ဇွန်လမှာ ရှမ်းမန်းစစ်ဆင်ရေးစတင်ခဲ့ပြီး ခုနှစ်လခန့်အကြာမှာ နေရပ်ကိုပြန်လည်ရောက်ရှိလာတဲ့ ရေဦး PDF တပ်ဖွဲ့ဝင်တွေကို ရေဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ ဒေသခံ ပြည်သူတွေ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့တယ်လို့ သိရပါတယ်။
ရှမ်းမန်းစစ်ဆင်ရေးမှာ ရေဦးမြို့နယ်အခြေစိုက် ရွှေဘိုခရိုင် တပ်ရင်း(၁၄) က တပ်ရင်း တစ်ရင်းလုံး ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ရှမ်းမန်းစစ်ဆင်ရေးအတွင်း ရေဦး PDF ရဲဘော် ၃ ယောက် ကျဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာရကာ ၈ ယောက် အသေးစားဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။