ပွင့်ဖြုမြို့နယ်၊ ကြီးအုံကြီးဝဆည်အနီးတိုက်ပွဲဖြစ်
တာရာ/People’s Spring
မကွေးတိုင်း၊ပွင့်ဖြူမြို့နယ်အတွင်းရှိ ကြီးအုံကြီးဝ ဆည်အနီး စစ်ကောင်စီတပ်နှင့် ဒေသခံကာ
ကွယ်ရေးတပ်တို့ကြား ယနေ့(ဖေဖော်ဝါရီ၅ရက်နေ့ ) ညနေပိုင်းမှ စတင်ပြီး တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှသိရသည်။
အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၅ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ရုန်းပင်ရွာမှ ဆည်တမံဘက်ကို စစ်ကြောင်းထိုးလာခြင်းကြောင့် ကာကွယ်ရေးတပ်များနှင့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“မနေ့ကတည်းက စစ်ကြောင်းထိုးလာလို့ ဒေသခံတွေက စစ်ရှောင်နေကြရတယ်။ သူတို့က ပုသိမ်-မုံရွာလမ်းကနေ ဆည်ဘက်ကို စစ်ကြောင်းထိုးလာရင်းတိုက်ပွဲဖြစ်နေကြတာလေ။ ညမိုးချုပ်အထိ တိုက်ပွဲဖြစ်နေဆဲပဲ”ဟု ဒေသခံတစ်ဦးကပြော
သည်။
စစ်ကောင်စီစစ်ကြောင်းက ဖေဖော်ဝါရီ ၄ ရက်
ပုသိမ်-မုံရွာလမ်းရှိ PDF ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ပြီး ရုန်းပင်ရွာကို စစ်ကြောင်းဝင်ရောက်လာခြင်းဖြစ်သည်။
ထိုစစ်ကြောင်းကြောင့် ရုန်းပင်း၊ ရေရင်၊ ဝန်လို၊
ခိုနန်း၊ ကန်၊ ပေပင်နှင့် ချောင်းဆုံရွာတို့မှ ဒေသခံ တစ်ထောင်ကျော်စစ်ဘေးရှောင်နေရသည်ဟုလည်း ဒေသခံများထံမှသိရသည်။
ကြီးအုံကြီးဝ ဆည်တမံကို ၂၀၀၃ ခုနှစ်တွင် မုန်းချောင်းကို ပိတ်ဆို့ကာ စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၁၂ခုနှစ်တွင်ဖွင့်လှစ်ခဲ့သည်။ လျှပ်စစ်ဓာတ်အား မဂ္ဂဝပ် (၇၄) ထွက်ရှိသည့် ဓာတ်အားပေးစက်ရုံဖြစ်သည်။
(ကြီးအုံကြီးဝဆည် နှင့် အနီးဝန်းကျင်ကို Google Earth တွင်တွေ့ရမှု )