နိုင်ငံခြားသား ၄၀၀၀ ကျော် မြန်မာနိုင်ငံတွင်ပျောက်ဆုံးနေ
ကဖေး/People’s Spring
အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၃၈ နိုင်ငံမှ လူဦးရေ ၄၀၀၀ ကျော် မြန်မာနိုင်ငံ၌ ပျောက်ဆုံးနေ၍ရှာဖွေပေးရန်စစ်ကောင်စီထံအကြောင်း
ကြားထားကြောင်းစုံစမ်းသိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် လူကုန်ကူးခံရပြီး ပျောက်ဆုံးနေသူများကို ရှာဖွေပေးရန် သက်ဆိုင်ရာနိုင်ငံများက ဖိအားပေးနေခြင်းဖြစ်သည်။
“အခြေအနေတွေကတော့ရှုပ်ထွေးနေတယ်ဗျ။ ကျားဖြန့်ပြဿနာက ထင်ထားတာထက်ကြီးနေတော့ အဘတွေ( စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့အရာရှိများ)တော်တော်လေး အကျပ်ရိုက်နေတယ်။ ကျ
တော်တို့ အောက်ခြေကတော့ ခိုင်းတာလုပ်နေရရုံပါပဲ”ဟုနေပြည်တော်မှ ရဲတပ်ဖွဲ့ဝင်တစ်ဦးကပြော
သည်။
မြန်မာနိုင်ငံတွင်ပျောက်ဆုံးနေသူများကို နာမည်စာရင်းအတိအကျဖြင့် နိုင်ငံတကာရဲတပ်ဖွဲ့အင်တာပိုလ်က နယ်စပ်ဖြတ်ကျော်မှုခင်းဌာနသို့ ပေးပို့ထားသည်မှာ အနည်းဆုံး ၁ နှစ်ခန့်ကြာပြီဟု၎င်းကပြောသည်။
၂၀၂၂ မှ ၂၀၂၅ ဇန်နဝါရီ ၁၉ ရက်ထိ အာဆီယံနိုင်ငံများအပါအဝင် အာရှ၊ ဥရောပ၊ တရုတ်နိုင်ငံနှင့် တောင်အာဖရိကဒေသရှိ နိုင်ငံပေါင်း ၃၈ နိုင်ငံမှ အင်တာပိုလ်ရဲဆက်သွယ်ရေးလမ်းကြောင်း၊သံတမန်လမ်းကြောင်းနှင့် ရဲဆက်ဆံရေးလမ်း ကြောင်းများမှတဆင့် စုံစမ်းရှာဖွေပေးရန် ပေးပို့ထားသူ အမျိုးသား ၃၄၁၅ဦး၊ အမျိုးသမီး ၇၆၁ဦး၊ စုစုပေါင်း ၄,၁၇၆ ဦး ရှိနေခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ကျားဖြတ်အွန်လိုင်းငွေလိမ်လုပ်
ငန်းအများအပြားရှိနေပြီး လူထောင်ချီ၍ လူကုန်ကူးခံထားရကြောင်း သတင်းများထွက်ပေါ်နေ
သည်။
ပြီးခဲ့သည် ဇန်နဝါရီလ အစောပိုင်းကထိုင်းမြန်မာနယ်စပ် မြဝတီမြို့နယ်ရှိ ကျားဖြန့်လုပ်ငန်းတစ်ခုတွင် တရုတ်နိုင်ငံသားသရုပ်ဆောင်တစ်ဦးလူကုန်ကူးခံရပြီးသည့်နောက်ပိုင်း မြဝတီမြို့နှင့်ရွှေကုက္ကိုယ် ဒေသမှ ကျားဖြန့်လုပ်ငန်းများအကြောင်း နိုင်ငံတကာကအာရုံစိုက်လာသည်။
ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှ အွန်လိုင်း လောင်းကစားလိမ်လည်မှုများကို အာဆီယံနိုင်ငံများနှင့် ပူးပေါင်းပြီး နယ်စပ်ဖြတ်ကျော် နှိမ်နှင်းရန် အဆင်သင့်ဖြစ်နေပြီဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဇန်နဝါရီ ၁၆ ရက်နေ့က အာဆီယံဆယ်နိုင်ငံ၏သံတမန်များနှင့်တွေ့ဆုံပွဲတွင် ထုတ်ပြောခဲ့သည်။
တဆက်တည်းတွင် တရုတ်နှင့်မြန်မာအပါအဝင်
မဲခေါင်ဒေသတွင်း ၆နိုင်ငံမှ ဆက်သွယ်ရေးလိမ်
လည်မှုနှင့် ကွင်းဆက်ရာဇဝတ်မှုများအား တိုက်ဖျက်သွားမည့်ဇင်ယော်စစ်ဆင်ရေး( ဇင်ယော် ပူးပေါင်းဆောင်ရွက်မှုဒုတိယပိုင်း)ကို ၂၀၂၅ ခုနှစ် အတွင်း အကောင်အထည်ဖော်သွားမည်ဟုမြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ဇန်နဝါရီ ၂၁ရက်တွင် ထုတ်ပြန်သည်။
အွန်လိုင်းလောင်းကစား၊ မူးယစ်ဆေးဝါးကိစ္စများနှင့် အခြားဒုစရိုက်မှုများ၌ ပါဝင်ဆောင်ရွက်နေသူ
များအပြင် သက်ဆိုင်ရာ နယ်မြေအလိုက် တာဝန်ရှိသူများ ပတ်သက်နေလျှင်လည်း ထိရောက်စွာ အရေးယူမည်ဟု နေပြည်တော်တွင် ဖေဖော်ဝါရီ
၃ ရက် ကပြုလုပ်ခဲ့သည့် စစ်ကောင်စီအစည်း
အဝေး၌ အာဏာသိမ်းစစ်ခေါင်းဆောင်က ဆိုခဲ့သည်။
ကရင်ပြည်နယ်မှ ကျားဖြန့်လုပ်ငန်းများတွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့များက အဓိကပါဝင်ပြီး ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နှိမ့်နင်းခဲ့သည့် ကျားဖြန့်လုပ်ငန်းများတွင်လည်း စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်ခေါင်းဆောင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များပါဝင်နေသည်။ စစ်ကောင်စီ နှင့် စစ်ဗိုလ်ချုပ်များသည် ကျားဖြန့်လုပ်ငန်းများမှ အကျိုးအမြတ်များစွာရနေကြသည်။
BGF အဓိက ပါဝင်နေသည့် မြဝတီ၊ ရွှေကုက္ကိုမြို့သစ်စီမံကိန်း၌ မြောက်မြားစွာသော ငွေလိမ်ဂိုဏ်းများ၊ လူကုန်ကူးမှုများ၊ကျားဖျန့်လုပ်ငန်းများ ရှိ နေပြီး BGFနှင့် စစ်ကောင်စီသည် ဒေါ်လာသန်းချီအကျိုးအမြတ်ရနေသည်ဟု Justice For Myanmar (JFM) ထုတ်ပြန်ထားသည်။
“စစ်ခေါင်းဆောင်အနေနဲ့ ကိုယ့်ကိုယ်ကိုယ်မှန်နဲ့ကြည့်ရင် ကျားဖြန့်အဓိကတရားခံကိုတွေ့လိမ့်မယ်။ သူကပဲ အရေးယူမယ်လို့ထပြောတော့ မျက်စိ တောင်လယ်တယ်”ဟု စစ်ကောင်စီအရာရှိများနှင့်နီးစပ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။
(ရှမ်းပြည်နယ် မြောက်ပိုင်းရှိကျားဖြန့်လုပ်ငန်းများတွင် ပါဝင်သူများကို ဖမ်းဆီးပြီးတရုတ်နိုင်ငံသို့
ခေါ်ဆောင်နေစဥ်။ဓါတ်ပုံ-SCMP)