စိုက်ပျိုးရေးနှင့် မွေးမြူရေးပေါင်းစည်းထားသည့် တက္ကသိုလ်တစ်ခု ဧရာ၀တီတိုင်းတွင် လာမည့် ပညာသင်နှစ်ဖွင့်လှစ်မည်ဟု မင်းအောင်လှိုင် ထုတ်ပြော၊ ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ်များ လုံခြုံရေး စိုးရိမ်၍ ပြောင်းရွှေ့မည့်သတင်း ပိုမိုခိုင်မာလာ
ရန်ကုန်၊ ဖေဖော်ဝါရီ ၄
စိုက်ပျိုးရေးနှင့်မွေးမြူရေးပေါင်းစည်းထားသည့် တက္ကသိုလ်တစ်ခုကို ဧရာ၀တီ တိုင်းတွင် လာမည့် ပညာသင်နှစ်အတွင်း ဖွင့်လှစ်မည်ဟု အကြမ်း ဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုလိုက်သည်။
ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေးတွင် မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုလာခြင်းဖြစ် သည်။
လာမည့်ပညာသင်နှစ်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး ပေါင်းစည်းထားသည့် တက္ကသိုလ်တစ်ခုကို ဧရာ၀တီတိုင်းအတွင်း ဖွင့်လှစ်ပေးနိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုခဲ့ကြောင်း၊ ထိုသို့ ထုတ်ဖော်ပြောဆိုမှုကြောင့် မကြာမီ နေပြည်တော် ရေဆင်းရှိ စိုက်ပျိုးရေးတက္က သိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်နှင့် သစ်တောတက္ကသိုလ်တို့ကို ဧရာ၀တီ တိုင်းဘက်သို့ ပြောင်းရွှေ့ ပြီး ပြင်ဦးလွင်မှ စစ်တက္ကသိုလ်များကို လုံခြုံရေး စိုးရိမ်ချက်အရ နေပြည်တော်သို့ ပြောင်းရွှေ့ ရောက်ရှိလာမည်ဆိုသော သတင်းများမှာ ပိုမို ခိုင်မာလာကြောင်း အဆိုပါတက္ကသိုလ်များနှင့်နီးစပ်သော အသိုင်းအ၀ိုင်းက ပြောဆိုသည်။
ထို့ပြင် စစ်ကောင်စီက ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ်များ နေပြည်တော်သို့ ပြောင်း ရွှေ့နိုင်ရေးအတွက် နယ်မြေများချဲ့ထွင်သည့်အနေဖြင့် ဇေယျာသီရိမြို့နယ်ရှိ စစ်ရေးပြကွင်းနှင့် ပျဉ်းမနားမြို့နယ်ရှိ ရေဆင်းစိုက်ပျိုးရေး တက္က သိုလ် အနီးရှိ ကျေးရွာများကို ဖျက်သိမ်းခိုင်းနေကြောင်း သိရှိရသည်။
ရန်ကုန်- မန္တလေး လမ်းဟောင်းဘေးရှိ ဇေယျာသီရိမြို့နယ် ကျောက်ချက်ရွာမှ ခရေပင်လမ်းခွဲအထိ ကျေးရွာများအားလုံးကို စစ်ရေးပြကွင်းနှင့် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် နယ်မြေဧရိယာ တို့ကို တိုးချဲ့ရန်နှင့် လုံခြုံရေး အကြောင်းပြကာ စီမံချက်ဖြင့် ဖျက်သိမ်းခိုင်းနေခြင်းဖြစ်ကြောင်း သိရှိရသည်။
ဖျက်သိမ်းရမည့် ကျေးရွာများတွင် ရန်ကုန်-မန္တလေး လမ်းဟောင်း တလျှောက်ရှိ ကျောက်ချက်ရွာ၊ အိုင်စောက်ရွာ၊ သစ်တပ်ရွာ၊ စိမ်းစားပင်ရွာ၊ မအူတောရွာ၊ ရေဆင်းရွာ၊ ရွေကျရွာ၊ ရွေတွင်းကုန်းရွာ၊ ခေတ်အေးရွာနှင့် ခရေပင်လမ်းခွဲအထိ ကျေးရွာနှင့်ရပ်ကွက်များ ပါဝင်ကြောင်း သိရှိရသည်။
အလားတူ ဇေယျာဉ်သီရိမြို့နယ်ရှိ သစ်တပ်ရွာ မျက်နှာစာတွင်ရှိနေသာ အ ဆောက် အဦး များကိုလည်း အကြမ်းဖက် စစ်ကောင်စီ က လုံခြုံရေးအတွက် လမ်းမကြီးများဥပဒေနှင့် ငြိစွန်းသည်ဟုဆိုပြီး ဖျက်သိမ်းခိုင်းနေကြောင်း သိရှိရသည်။