Category: News
-
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်စစ်ဆင်ရေး အထူးအဖွဲ့ရုံးစိုက်ရာနေရာတွင် ဖမ်းဆီးချုပ်နှောင်ထား၊ သွားနှင့် နှလုံး ဆက်စပ် ဝေဒနာများ ခံစားနေရသော်လည်း ဆေးကုသခွင့် အပြည့်အ၀ မပေးဘဲ ရည်ရွယ်ချက်ရှိရှိ ညှဉ်းပန်းနှိပ်စက်ထား
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်စစ်ဆင်ရေး အထူးအဖွဲ့ရုံးစိုက်ရာနေရာတွင် ဖမ်းဆီးချုပ်နှောင်ထား၊ သွားနှင့် နှလုံး ဆက်စပ် ဝေဒနာများ ခံစားနေရသော်လည်း ဆေးကုသခွင့် အပြည့်အ၀ မပေးဘဲ ရည်ရွယ်ချက်ရှိရှိ ညှဉ်းပန်းနှိပ်စက်ထား ရန်ကုန်၊ ဇွန် ၂၈ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်စစ်ဆင်ရေးအထူးအဖွဲ့ရုံးစိုက်ရာနေရာတွင် လုံခြုံ ရေး တင်းကျပ်စွာဖြင့် ဖမ်းဆီးချုပ်နှောင်ထား၊ သွားနှင့် နှလုံးရောဂါ ဆိုင်ရာ ဆက်စပ် ဝေဒနာများခံစားနေရသော် လည်း ဆေးကုသခွင့် အပြည့်အ၀ မပေးဘဲ ရည်ရွယ်ချက်ရှိရှိ ညှဉ်းပန်းနှိပ်စက်နေကြောင်း Myanmar Prison Witness မှ ဒုတိယပြန်ကြားရေးတာဝန်ခံ မဆူးငယ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အချုပ်ထောင်နှင့် ၁၄ မိုင်အကွာတွင် ရှိသည့် စစ်ဆင်ရေးအထူးအဖွဲ့ရုံးစိုက်ရာနေရာတွင် လုံခြုံရေးတင်းကျပ်စွာဖြင့် မတရားဖမ်းဆီးချုပ်နှောင်ထားကြောင်း၊ လူထုခေါင်းဆောင်မှာ သွားနှင့်ပတ်သက်သည့် ရောဂါနှင့်…
-
စစ်တပ်က ကျောင်းတွေ၊ ဘာသာရေး အဆောက်အအုံတွေ အပါအဝင် အရပ်သားဧရိယာအများအပြားကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ကုလ အစီရင်ခံစာဖော်ပြ ▪️မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ ပိုပြီး ဆိုးရွားလာနေ
စစ်တပ်က ကျောင်းတွေ၊ ဘာသာရေး အဆောက်အအုံတွေ အပါအဝင် အရပ်သားဧရိယာအများအပြားကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ကုလ အစီရင်ခံစာဖော်ပြ ▪️မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ ပိုပြီး ဆိုးရွားလာနေ ဇွန်-၂၈၊ ၂၀၂၅။ People’s Spring အာဏာသိမ်းစစ်တပ် အုပ်စိုးနေတဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေက ပိုပြီး ဆိုးရွားလာနေကြောင်း ကုသလမဂ္ဂ အစီရင်ခံစာတစ်စောင်မှာ ဖော်ပြထားပါတယ်။ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီညီလာခံမှာ အဲဒီ အစီရင်ခံစာကို တင်သွင်းခဲ့တာဖြစ်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗိုလ်ကာတာ့ခ်က မြန်မာပြည်သူတွေဟာ ပြည်တွင်းစစ်၊ ဖိနှိပ်အုပ်စိုးမှုတွေကြောင့် ထိခိုက်ခံစားရမှုတွေ ပိုမိုဆိုးရွားလာတာမျိုး ကြုံတွေ့နေရကြောင်းလည်း ပြောကြားခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးကတည်းက အရပ်သား ၆,၈၀၀ ကျော် သေဆုံးခဲ့ရပြီး…
-
မတရားအကျဉ်းကျခံထားရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ခံစားနေရသည့် ရောဂါများကို ဆေးမီးတိုဖြင့်သာ ကုသနေရ
မတရားအကျဉ်းကျခံထားရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ခံစားနေရသည့် ရောဂါများကို ဆေးမီးတိုဖြင့်သာ ကုသနေရ 28 June 2025 By MPA စစ်ကောင်စီက မတရားဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ခံစားနေရသည့် ရောဂါများကို ဆေးမီးတိုဖြင့်သာ ကုသနေရကြောင်း Myanmar Prison Witness က ယနေ့(ဇွန် ၂၈ရက်)တွင် ထုတ်ပြန်ထားသည်။ လက်ရှိ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်အချုပ်ထောင်နှင့် ၁၄ မိုင်အကွာ စစ်ဆင်ရေးအထူးအဖွဲ့ရုံးစိုက်သည့်နေရာတွင် လုံခြုံရေးတင်းကျပ်စွာဖြင့် မတရားဖမ်းဆီးချုပ်နှောင်ခံထားရပြီး ချုပ်နှောင်ထားသည့်နေရာကိုလည်း ဒုဗိုလ်ချုပ်ကြီး အဆင့်ရှိသူမှ တာဝန်ယူထားကြောင်း သိရသည်။ ၂၀၂၄ခုနှစ်၊ ဧပြီလတွင် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်မှ မင်းအောင်လှိုင်ရုံးထိုင်သည့်တည်နေရာနှင့် မကွာဝေးလှသည့်နေရာတစ်ခုဖြစ်သည့် ကစထ(၆) တွင် မတရားအကျဉ်းချထားပြီး အခြေခံအကျဉ်းသားအခွင့်အရေးဖြစ်သည့် ထောင်ဝင်စာ ဧည့်တွေ့ခွင့်မရရှိဘဲ…
-
မှော်ဘီမြို့မရဲစခန်းအား တိုက်ခိုက်
မှော်ဘီမြို့မရဲစခန်း ဗုံးခွဲ တိုက်ခိုက်ခံရပြီး ထိခိုက်မှုရှိဟုဆို YT မဇ္ဈိမ။ ။ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ပြည်လမ်းနှင့် အောက်မင်္ဂလာဒုံလမ်းမကြီးထောင့်ရှိ မှော်ဘီမြို့မရဲစခန်းကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Army (YA) အဖွဲ့ထံက သိရသည်။ ယမန်နေ့ (ဇွန်လ ၂၇ ရက်) ည ၁၀ နာရီ ၂၅ မိနစ်ခန့်က မှော်ဘီမြို့မရဲစခန်းအား အဝေးထိန်းမိုင်းနှစ်လုံးတွင် လက်ပစ်ဗုံးကပ်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း ရဲစခန်းအတွင်းမှ ရဲတဦး ထိခိုက်မှုရှိကြောင်း YA မှ တာဝန်ရှိသူတဦးက ပြောသည်။ “ တိုက်ခိုက်တဲ့အချိန် ရဲတကောင်ထိသွားတာတွေ့တယ်။ ဖြစ်ပြီးနာရီဝက်အကျော်လောက်မှာ လမ်းတွေပိတ်စစ်ဆေးမူတွေ လုပ်နေကြအတိုင်း ပုံမှန်လုပ်တယ်။ အခုမနက်သွားကြည့်တော့ ဘာမှမဖြစ်ခဲ့သလို သရုပ်ဆောင်ထားပါတယ်” ဟု Yangon Army (YA)…
-
နောင်ချိုမြို့သို့ စစ်တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ရာတွင် စစ်မှုထမ်းတပ်သားသစ်များကို မူးယစ်ဆေးကျွေးကာ အသေခံတိုက်ခိုင်းနေ
နောင်ချိုမြို့သို့ စစ်တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ရာတွင် စစ်မှုထမ်းတပ်သားသစ်များကို မူးယစ်ဆေးကျွေးကာ အသေခံတိုက်ခိုင်းနေ ရန်ကုန်၊ ဇွန် ၂၈ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို သိမ်းပိုက်နိုင်ရေးအတွက် စစ်တပ်က စစ်မှုထမ်းတပ်သား သစ်များကို မူးယစ်ဆေးကျွေးကာ အသေခံတိုက်ခိုင်းနေပြီး စစ်တပ်ထဲမှ ထွက်ပြေးနေသည့် စစ်သားများကိုလည်း ကယ်ထုတ်ပေးနေရကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် -DPLA တပ်ဖွဲ့မှ သတင်းပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် စစ်ကောင်စီတပ်က စစ်မှုထမ်းတပ်သားသစ်များ၊ ပြင်ဦးလွင်စစ်သင်တန်းကျောင်းမှ ကျောင်းဆင်းစစ်သားများကို အသုံးပြု၍ ပြင်ဦးလွင်မြို့နယ်ဘက်မှ တောင်ခမ်းဘက်မှ စစ်ကြောင်း ၁ ကြောင်း စုစုပေါင်း စစ်ကြောင်း ၂ ခုဖြင့် ထိုးစစ်ဆင်လျက်ရှိရာ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲထားသည့် TNLA နှင့်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ခုခံတိုက်ခိုက် နေကြောင်းဖြစ်ကြောင်း သိရသည်။ “ဆေးကျွေးပြီး နောက်ကနေ အမိန့်ပေးတက်ခိုင်းတော့ အစုလိုက်အပြုံလိုက်တက်၊…
-
ရန်ကုန်တိုင်းအဝင် အမှတ် ၃ ဂိတ်နှင့် လမ်းဆုံဂိတ်တို့တွင် စစ်တပ်နှင့်ရဲများ၏ ငွေတောင်းရမ်းမှု ဆိုးရွားလာသည့်အပြင် ပြည်သူများကို ရိုက်နှက်ဆဲဆိုသည့်အထိ ရမ်းကားလာ
ရန်ကုန်တိုင်းအဝင် အမှတ် ၃ ဂိတ်နှင့် လမ်းဆုံဂိတ်တို့တွင် စစ်တပ်နှင့်ရဲများ၏ ငွေတောင်းရမ်းမှု ဆိုးရွားလာသည့်အပြင် ပြည်သူများကို ရိုက်နှက်ဆဲဆိုသည့်အထိ ရမ်းကားလာ ရန်ကုန်၊ ဇွန် ၂၈ ရန်ကုန်တိုင်းအဝင် အမှတ် ၃ ဂိတ်နှင့် အမြန်လမ်းနှင့်ပဲခူးလမ်းဟောင်း လမ်းဆုံဂိတ်တို့တွင် စစ်တပ်နှင့်ရဲများ၏ ငွေတောင်းရမ်းမှုများ ဆိုးရွားလာသည့်အပြင် ပြည်သူများကို ရိုက်နှက်ဆဲဆိုသည့်အထိ ရမ်းကားလာကြောင်း ခရီးသွားပြည်သူအများစုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ ရန်ကုန်တိုင်းအဝင် အမှတ် ၃ ဂိတ်တွင်လည်းကောင်း၊ ရန်ကုန်-မန္တလေးအမြန်လမ်းအဝင်နှင့်ပဲခူးလမ်းဟောင်း လမ်းဆုံဂိတ်တို့တွင် စစ်တပ်၊ ရဲ၊ ယာဉ်ထိန်းရဲ၊ လ၀က ၊ စည်ပင် အပါအဝင် ဌာနပေါင်းစုံက ဂိတ်ချထားကြောင်း ယင်းဂိတ်များတွင် ခရီးသွားပြည်သူများကို မှတ်ပုံတင် စစ်ဆေးခြင်း၊ မော်တော်ယာဉ်များကို စစ်ဆေးခြင်းများ လုပ်ဆောင်ကြောင်း၊ ခရီးသွားပြည်သူများ၏ မှတ်ပုံတင်များကို Person Scrutinization…
-
နောင်ချိုတိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ် ထိခိုက်မှုများဟု DPLA ပြော ■စစ်တပ်က ပြင်ဦးလွင်စစ်တက္ကသိုလ်ကျောင်းတွေက ဗိုလ်လောင်းတွေ နဲ့ ရဲတပ်ရင်းတွေကရဲတွေကိုပါထုတ်ပြီးအသုံးပြုနေတယ်လို့ ဆို
နောင်ချိုတိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ် ထိခိုက်မှုများဟု DPLA ပြော ■စစ်တပ်က ပြင်ဦးလွင်စစ်တက္ကသိုလ်ကျောင်းတွေက ဗိုလ်လောင်းတွေ နဲ့ ရဲတပ်ရင်းတွေကရဲတွေကိုပါထုတ်ပြီးအသုံးပြုနေတယ်လို့ ဆို ဇွန်-၂၇၊၂၀၂၅၊DEE/People’s Spring ရှမ်းပြည်နယ်မြောက်ပိုင်းကနောင်ချိုမြို့နယ်မှာ ဒီကနေ့ တနေကုန်တိုက်ပွဲပြင်းနေပြီး စစ်ကောင်စီတပ် ထိခိုက်မှုများနေတယ်လို့ ဓနုပြည်သူ့လွတ် မြောက်ရေးတပ်တော်(DPLA)ရဲ့ ပြောရေးဆို ခွင့်ရှိသူက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ နောင်ချိုထိုးစစ်အတွက် ပြင်ဦးလွင်မြို့မှာရှိတဲ့ စစ်တက္ကသိုလ်ကျောင်းတွေက ဗိုလ်လောင်းတွေ နဲ့ ရဲတပ်ရင်းတွေကရဲတွေကိုပါထုတ်ပြီး အသုံးပြုနေတယ်လို့ DPLAရဲ့ ပြောရေး ဆိုခွင့်ရှိသူက ပြောပါတယ်။ “အင်အားတကယ်ချည့်နေပြီ။ စုပေါင်း၊စပ်ပေါင်းနဲ့ ဟန်ရေးလုပ်ဖို့၊ သိက္ခာဆယ်ဖို့ အသေခံထိုးခိုင်းနေတာ”လို့ DPLAရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဇွန် ၂၇ ရက် နံနက်အစော၂နာရီခွဲကတည်းက တစ် နေ့လုံးတိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ ဒီကနေ့မှာ လုံစံ၊လုံဝယ်၊ နောင်လင်၊ နောင်ဩ၊နောင်ဖာနဲ့ အုမ္မခါးကျေးရွာတွေမှာ…
-
သင်္ဘောသားအလုပ်အကိုင်ဖြင့် စစ်မှုထမ်းတိမ်း ရှောင်ရန် ပြည်ပသို့ ထွက်ခွာသူများပြားလာသဖြင့် စစ်ကောင်စီက အသက် ၂၅ နှစ်အထက်ကျော်လွန်လျှင် သင်္ဘောသားလုပ်ခွင့်မပြုတော့ဟု ပိတ်ပင်တားမြစ်
သင်္ဘောသားအလုပ်အကိုင်ဖြင့် စစ်မှုထမ်းတိမ်း ရှောင်ရန် ပြည်ပသို့ ထွက်ခွာသူများပြားလာသဖြင့် စစ်ကောင်စီက အသက် ၂၅ နှစ်အထက်ကျော်လွန်လျှင် သင်္ဘောသားလုပ်ခွင့်မပြုတော့ဟု ပိတ်ပင်တားမြစ် ရန်ကုန်၊ ဇွန် ၂၈ မြန်မာနိုင်ငံတွင် စစ်မှုထမ်းရန် အကျုံးဝင်နေသည့် လူငယ်များက သင်္ဘောသားအလုပ် အကိုင်ဖြင့် စစ်မှုထမ်းတိမ်းရှောင်ရန် ပြည်ပသို့ ထွက် ခွာသူများပြားလာသဖြင့် စစ်ကောင်စီက အသက် ၂၅ နှစ်ထက်ကျော်လွန်သူများကို သင်္ဘော သားအလုပ်အကိုင် လုပ်ကိုင်ခွင့် မပေးတော့ဘဲ တရားဝင် ပိတ်ပင်လိုက် ကြောင်း ရန်ကုန်မြို့ အခြေစိုက်သင်္ဘောသားအလုပ်အကိုင်အေဂျင်စီသင်တန်းကျောင်းများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရေ ကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက လာမည့် ဇူလိုင် ၁ ရက်နေ့မှစတင်၍ အသက် ၂၅ နှစ်အထက် လူငယ်များအားလုံး သင်္ဘောသားအလုပ်အကိုင် လုပ်ကိုင်ခွင့်မပေးတော့ဘဲ…
-
နိုင်ငံတကာ စီးပွားရေးပိတ်ဆို့ခံထားရသည့် ရုရှားနိုင်ငံက ဦးဆောင်သော Eurasian Economic Union (EAEU) တွင် အဖွဲ့ဝင် နိုင်ငံဖြစ်ခွင့်ပေးရန် အပြည်ပြည်ဆိုင်ရာ၏ ဒဏ်ခတ်မှုခံနေရသော မင်းအောင်လှိုင်က ပန်ကြား
နိုင်ငံတကာ စီးပွားရေးပိတ်ဆို့ခံထားရသည့် ရုရှားနိုင်ငံက ဦးဆောင်သော Eurasian Economic Union (EAEU) တွင် အဖွဲ့ဝင် နိုင်ငံဖြစ်ခွင့်ပေးရန် အပြည်ပြည်ဆိုင်ရာ၏ ဒဏ်ခတ်မှုခံနေရသော မင်းအောင်လှိုင်က ပန်ကြား ရန်ကုန်၊ ဇွန် ၂၇ နိုင်ငံတကာ စီးပွားရေးပိတ်ဆို့ခံထားရသည့် ရုရှားနိုင်ငံက ဦးဆောင်သော Eurasian Economic Union (EAEU) တွင် အဖွဲ့ဝင် နိုင်ငံဖြစ်လိုကြောင်း အပြည်ပြည်ဆိုင်ရာ၏ အရေးယူဒဏ်ခတ်မှုခံနေရသော မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုသည်။ ယမန်နေ့ ဘယ်လာရုစ်သမ္မတနိုင်ငံတွင် ပြုလုပ်သည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EEF 2025) ၏ မျက်နှာစုံညီအစည်းအဝေးတွင် မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောဆိုလာခြင်းဖြစ်သည်။ မင်းအောင်လှိုင်က မြန်မာနိုင်ငံအနေဖြင့် ဥရောပ – အာရှစီးပွားရေးသမဂ္ဂ- Eurasian Economic Union (EAEU)…
-
စစ်ကောင်စီထွက်ပေါက်ရှာဖို့ကြိုးစားတဲ့ရွေး ကောက်ပွဲကို နိုင်ငံတကာကအသိအမှတ်မပြုဖို့ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သတိပေး ■စစ်ကောင်စီဟာဆက်ပြီးရပ်တည်ဖို့လက်နက် ၊ငွေကြေး နဲ့ တရားဝင်မှုဆိုတဲ့လိုအပ်ချက်သုံးခု ရှိပြီး အဲဒီအရာတွေ စစ်ကောင်စီကိုမပေးအပ်ဘဲ ငြင်းဆန်ခြင်းအားဖြင့် မြန်မာပြည်သူတွေကိုကူ ညီနိုင်မှာဖြစ်ကြောင်းလည်းတွမ်အန်ဒရူးစ်ပြော
စစ်ကောင်စီထွက်ပေါက်ရှာဖို့ကြိုးစားတဲ့ရွေး ကောက်ပွဲကို နိုင်ငံတကာကအသိအမှတ်မပြုဖို့ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သတိပေး ■စစ်ကောင်စီဟာဆက်ပြီးရပ်တည်ဖို့လက်နက် ၊ငွေကြေး နဲ့ တရားဝင်မှုဆိုတဲ့လိုအပ်ချက်သုံးခု ရှိပြီး အဲဒီအရာတွေ စစ်ကောင်စီကိုမပေးအပ်ဘဲ ငြင်းဆန်ခြင်းအားဖြင့် မြန်မာပြည်သူတွေကိုကူ ညီနိုင်မှာဖြစ်ကြောင်းလည်းတွမ်အန်ဒရူးစ်ပြော ဇွန်-၂၇၊၂၀၂၅။People’s Spring အာဏာသိမ်းစစ်ကောင်စီကဦးဆောင်ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲ ဆိုတာဟာ အတု အယောင် တံလျှပ်တစ်ခုထက် မပိုဘူးလို့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ် စားလှယ်က သတိပေး ပြောကြားလိုက်ပါတယ်။ အခုနှစ် ဒီဇင်ဘာ၊ ဒါမှမဟုတ် လာမယ့်နှစ် ဇန်နဝါရီလမှာ ကျင်းပဖို့ လျာထားကြောင်း စစ်ကောင်စီက ကြေညာထားတဲ့ ရွေးကောက်ပွဲ ဆိုတာဟာ စစ်ဗိုလ်ချုပ်တွေရဲ့ မရိုးဖြောင့်တဲ့ လုပ်ရပ်တွေကိုဟန်ဆောင်ဖုံးကွယ်ဖို့နိုင်ငံရေးထွက်ပေါက် ရှာတာသာ ဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့် အရေးကောင်စီညီလာခံမတိုင်ခင်ဇွန်လ၂၅ ရက် နေ့မှာ တွမ်အန်ဒရူးစ်ကသတိပေးသွားခဲ့ပါတယ်။ စစ်ကောင်စီဟာဒေါ်အောင်ဆန်းစုကြည်ဦးဆောင်နေတဲ့အရပ်သားဒီမိုကရေစီအစိုးရဆီကနေ ၂၀၂၁…