Category: News
-
စစ်ကောင်စီ၏ သေဒဏ်ချမှတ် ကွပ်မျက်မှုများ ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုမြောက်ဟု IIMM အကြီးအကဲ သတိပေး
စစ်ကောင်စီ၏ သေဒဏ်ချမှတ် ကွပ်မျက်မှုများ ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုမြောက်ဟု IIMM အကြီးအကဲ သတိပေး ရန်ကုန်၊ စက်တင်ဘာ ၂၄ အကြမ်းဖက် စစ်ကောင်စီအနေဖြင့် အများပြည်သူရှေ့တွင် အမှု စစ်ဆေးခြင်းမရှိဘဲ သေဒဏ်ချမှတ် ကွပ်မျက်ပါက ကြီးလေးသော နိုင်ငံတကာ ရာဇဝတ်မှုမြောက်နိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM) အကြီးအကဲ နီကိုလက်စ်ခွန်ဂျန်က သတိပေးလိုက်သည်။ အကြမ်းဖက်စစ်ကောင်စီက လူပုဂ္ဂိုလ်အချို့အား အများမျက်မှောက်အမှုစစ်ဆေးခြင်းမပြုဘဲ သေဒဏ်ချမှတ်ကာ ကွပ်မျက်ရန်ရှိသည်ဆိုသည့် သတင်းများအား မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားက အနီးကပ်စောင့်ကြည့်နေကြောင်း၊ ယန္တရားက ရရှိထားသည့် အချက်အလက်များအရ၊ ၂၀၂၃ ခုနှစ်အတွင်း ရန်ကုန်မြို့ရှိ အင်းစိန်ထောင်၌ လျှို့ဝှက်စွာအမှုစစ်ဆေးပြီး သေဒဏ်ချမှတ်ထားသော လူပုဂ္ဂိုလ်များသည် ကွပ်မျက်မှုကို ကြုံတွေ့ရနိုင်ကြောင်း ၊တရားမျှတသောအမှုစစ်ဆေးစီရင်မှု ဖြစ်စေသည့် အခြေခံလိုအပ်ချက်များအား မကျင့်သုံးဘဲ သေဒဏ်ချမှတ်ခြင်း သို့မဟုတ်…
-
ဘုတလင်နယ် ကူတော်ရဲစခန်း တိုက်ပွဲမှာ တော်လှန်ရေးရဲဘော် နှစ်ဦး ကျဆုံးပြီး ရှစ်ဦး ဒဏ်ရာရ၊
ဘုတလင်နယ် ကူတော်ရဲစခန်း တိုက်ပွဲမှာ တော်လှန်ရေးရဲဘော် နှစ်ဦး ကျဆုံးပြီး ရှစ်ဦး ဒဏ်ရာရ၊ ဘုန်းစိုး/MFP၊ စက်တင်ဘာ -၂၂ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာ စစ်အုပ်စု ရဲစခန်းကို တော်လှန်ရေး တပ်တွေက စီးနင်းတိုက်ခိုက်ရာ နှစ်ဖက် အပြင်းအထန် တိုက်ပွဲဖြစ်ပြီး စစ်အုပ်စု အသေအပျောက် ရှိသလို လေကြောင်း ဗုံးကြဲခံရလို့ တော်လှန်ရေး ရဲဘော် နှစ်ဦး ကျဆုံးကာ ရှစ်ဦး ဒဏ်ရာရတယ်လို့ သတင်းရရှိပါတယ်။ စက်တင်ဘာလ ၂၀ရက် မနက်အစောပိုင်းက မုံရွာမြို့ စစ်အုပ်စုရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ နဲ့ မိုင် ၃၀ကျော်သာ ကွာဝေးတဲ့ ဘုတလင်နယ် ကူတော်ရွာရဲစခန်းကို ဒေသခံ တော်လှန်ရေး ပူးပေါင်းတပ်တွေက စီးနင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်အုပ်စုက…
-
မြို့သာ ရဲစခန်းမှ အိမ်စီးကားဖြင့် ထွက်လာသော စစ်ကြောရေးမှူးနှင့် ရဲ များကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦး သေဆုံး (ရုပ်/သံ)
မြို့သာ ရဲစခန်းမှ အိမ်စီးကားဖြင့် ထွက်လာသော စစ်ကြောရေးမှူးနှင့် ရဲ များကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦး သေဆုံး (ရုပ်/သံ) ရန်ကုန်၊ စက်တင်ဘာ ၂၃ မန္တလေးတိုင်း၊ မြို့သာ ရဲစခန်းမှ အိမ်စီးကားဖြင့် ထွက်လာသော စစ်ကြောရေးမှူးနှင့် ရဲ များကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦး သေဆုံးခဲ့ကြောင်း HERO DEFENCE FORCE (မြင်းခြံ) အဖွဲ့ တာဝန်ခံ စစ်သူကြီးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ စက်တင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် မြို့သာ ရဲစခန်းမှ မင်းနေကုန်း ရဲစခန်းကို အိမ်စီးကားဖြင့် ထွက်ခွာလာသော မြို့သာ စစ်ကြောရေးမူးနှင့်…
-
ရမည်းသင်းမှာ ကမ်းပါးပြိုကျလို့ အမျိုးသမီးတယောက် သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာရ
ရမည်းသင်းမှာ ကမ်းပါးပြိုကျလို့ အမျိုးသမီးတယောက် သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာရ စက်တင်ဘာ ၂၂ – ၂၀၂၄ SS (VOM) မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ကင်းရွာမှာ မနေ့ စက်တင်ဘာလ ၂၁ ရက်နေ့၊ မွန်းလွဲ ၃ နာရီဝန်းကျင်က ချောင်းကမ်းပါး ပြိုကျမှုကြောင့် အမျိုးသမီးတယောက် သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “သူက မြေပိလို့သေတာမဟုတ်ဘူး။ မြေပြိုကျတဲ့ နေရာကနေပြီးသူက သပြေပင်ချောင်းထဲကိုကျတာ။ အဲဒီမှာ မိုးရွာတဲ့အချိန်လည်းဖြစ်နေတော့ ချောင်းကရေက ဝုန်းကနဲ စီးချလိုက်တဲ့အချိန်မှာ သူ့ကို ရေလှိုင်းက ရိုက်သလိုဖြစ်ပြီး ကျောက်ဆောင်နဲ့ခေါင်းနဲ့ ရိုက်မိပြီး သေသွားတာ။ အခု မြေပြိုကျတဲ့နေရာက အရင်က ရေကြီးထားတဲ့အခံကလည်း ရှိနေတော့ သဲတွေ ပြိုကျနေတာရှိတယ်”…
-
ရန်ကုန်မှာ အိမ်ခြေရာမဲ့တွေအပါအဝင် လူငယ်တွေကို အိမ်အထိ လိုက်ဖမ်းပြီး စစ်ကောင်စီလူစုနေ
ရန်ကုန်မှာ အိမ်ခြေရာမဲ့တွေအပါအဝင် လူငယ်တွေကို အိမ်အထိ လိုက်ဖမ်းပြီး စစ်ကောင်စီလူစုနေ CJ Platform အဓမ္မနည်းအမျိုးမျိုးနဲ့ စစ်ထဲထည့်ဖို့ပြင်နေတဲ့ စစ်ကောင်စီဟာ လာမယ့်စစ်မှုထမ်းအပတ်စဉ်တွေအတွက် ရန်ကုန်တိုင်းအတွင်း အိမ်ခြေရာမဲ့တွေအပါအဝင် လူငယ်တွေကို အိမ်အထိ ၎င်းတို့လက်အောက်ခံတွေက လိုက်ဖမ်းပြီး လူစုနေတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။ ထန်းတပင်၊ မရမ်းကုန်း၊ ကမာရွတ်နဲ့ ဒဂုံမြို့သစ်(အရှေ့ပိုင်း) စတဲ့မြို့နယ်တွေဘက်က ရပ်ကွက်တချို့မှာ စစ်မှုထမ်းစာရင်းပါတယ်ဆိုပြီး လူငယ်တချို့ကို စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေ၊ ပျူစောထီးအဖွဲ့တွေက အဓမ္မခေါ်ဆောင်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ အဲဒီမြို့ခံတွေဆီကနေ သိရပါတယ်။ စက်တင်ဘာလ ပထမပတ်အတွင်းမှစတင်ခဲ့တဲ့ အပတ်စဉ် ၅ အတွက် ထန်းတပင်မြို့နယ်ထဲက လူငယ်အယောက် ၂၀ အထိခွဲတမ်းပေးခဲ့ရပြီး ဒါဟာ အရင်အပတ်စဉ်တွေကထက် ဆယ်ဆခန့်အထိ မြင့်တက်သွားတာဖြစ်တယ်လို့ အဲဒီမြို့နယ် ရခိုင်ရိုးလေးကျေးရွာနေ အသက် ၅၀ နှစ်ဝန်းကျင်ရှိ အမျိုးသားတစ်ဦးက…
-
ပန်းတောင်းမြို့နယ်၊ ပြည်မြို့နှင့် ဝါးခယ်မမြို့နယ်တို့တွင် စစ်မှုထမ်းရန် လူငယ်များကို ဖမ်းဆီးခြင်းနှင့် ငွေခြိမ်းခြောက် တောင်းခံမှုများ အကြီးအကျယ် ဖြစ်နေ
ပန်းတောင်းမြို့နယ်၊ ပြည်မြို့နှင့် ဝါးခယ်မမြို့နယ်တို့တွင် စစ်မှုထမ်းရန် လူငယ်များကို ဖမ်းဆီးခြင်းနှင့် ငွေခြိမ်းခြောက် တောင်းခံမှုများ အကြီးအကျယ် ဖြစ်နေ ရန်ကုန်၊ စက်တင်ဘာ ၂၃ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ပြည်မြို့နှင့် ဧရာ၀တီတိုင်း ဝါးခယ်မမြို့တို့တွင် စစ်မှုထမ်းရန်အတွက် လူငယ်များကို ဖမ်းဆီးခြင်း၊ ငွေကြေး ခြိမ်းခြောက်တောင်းခံမှုများကို စစ်တပ်နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက အကြီးအကျယ် ပြုလုပ်နေကြောင်းဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စက်တင်ဘာလ ၁၉ ရက်နေ့ ပဲခူးတိုင်း အနောက်ခြမ်း ပြည်ခရိုင် ပန်းတောင်းမြို့နယ် ထိပ်ပေါက်ကျေးရွာအုပ်စု၊ ထိပ်ပေါက်ရွာကျေးရွာအုပ် ချုပ်ရေးမှူး ကြည်မြင့် ၊ ရာအိမ်မှူး အေးဝင်း၊ ဆယ်အိမ်မှူးများဖြစ်ကြသည့် မြင့်ရွှေ၊ ဖိုးပု၊ သိန်းဦး၊ မျိုးပု နှင့် ကြံ့ဖွတ်ပါတီ စည်းရုံးရေးမှူး လှမင်းတို့က ထိပ်ပေါက်ကျေးရွာအုပ်စုအတွင်းမှ အသက် ၁၈…
-
မူဆယ်မြို့ မင်္ဂလာမူဆယ်အိမ်ယာအနီး စစ်ကောင်စီနှင့် ပြည်သူ့စစ် တိုက်ပွဲဖြစ်
မူဆယ်မြို့ မင်္ဂလာမူဆယ်အိမ်ယာအနီး စစ်ကောင်စီနှင့် ပြည်သူ့စစ် တိုက်ပွဲဖြစ် မိထက်/People’s Spring ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့အနီး မင်္ဂလာမူဆယ်အိမ်ယာအနီးတွင် ယနေ့ (စက်တင်ဘာ ၂၃ရက်)နံနက်ကစ၍ တိုက်ပွဲဖြစ်ပွားနေသည်။ မင်္ဂလာမူဆယ်အိမ်ယာအနီးတွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခြင်းဟု ဒေသခံအချို့ကပြောသည်။ ” ပြည်သူ့စစ်တွေနဲ့ စစ်တပ် အတူလုပ်နေတဲ့ ကျားဖြန့်ကို စစ်တပ်က ပြန်ဖမ်းတယ်တဲ့။ သူတို့ချင်း ချနေကြတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။ တိုက်ပွဲသည် နံနက် ၈ နာရီခန့်မှ စတင်ဖြစ်ပွားပြီး နေ့လယ် ၁၂ နာရီခန့်တွင် ပိုမိုပြင်းထန်လာကာ ဗုံးပေါက်ကွဲသံ၊ လက်နက်ကြီးသံများကြားနေရကြောင်း မူဆယ်မြို့ခံတစ်ဦးက ပြောသည်။ မူဆယ်မြို့တွင် စစ်ကောင်စီလည်းအောက်ခံပြည်သူ့စစ်အဖွဲ့ ၆ဖွဲ့ထက်မနည်းရှိပြီး အခုအခါ ၎င်းတို့အချင်းချင်း တိုက်ပွဲပြန်လည်ဖြစ်ပွားခြင်းဖြစ်သည်။။ မူဆယ်မြို့သည် ၁၀၂၇ စစ်ဆင်းရေးပထမပိုင်း၌ ညီနောင်သုံးဖွဲ့က တိုက်ခိုက်ရန် ပြင်စဉ်ချိန်…
-
“ပြည်သူ့အချစ်တော် မင်းမော်ကွန်းရေကြားလိုက်ရတဲ့သတင်းက မထင်မှတ်ရလောက်အောင်ပါဘဲ..”
“ပြည်သူ့အချစ်တော် မင်းမော်ကွန်းရေကြားလိုက်ရတဲ့သတင်းက မထင်မှတ်ရလောက်အောင်ပါဘဲ..” မင်းမော်ကွန်း ပထမဆုံးပါဝင်တဲ့ တော်လှန်ရုပ်ရှင် ‘ဖြတ်’ နယူးယောက်မှာ ရုံတင်ပြသမယ် စက်တင်ဘာ ၂၃၊ ၂၀၂၄ တော်လှန်အနုပညာရှင် မင်းမော်ကွန်း ပထမဆုံး ပါ၀င်ထားတဲ့ တော်လှန်ရုပ်ရှင် ‘ဖြတ်’ ဇာတ်ကားကို အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ရုပ်တင်ပြသတော့မှာ ဖြစ်ပါတယ်။ လာမယ့် ၂၀၂၄ နို၀င်ဘာလ ၉ရက်နေ့မှာ ပြသမယ့် ‘ဖြတ်’ အမည်ရ ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ စောဆေးထူးက ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒါဟာ မင်းမော်ကွန်းအနေနဲ့ တော်လှန်ရေးအတွက် ပထမဆုံး ပါ၀င်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးလည်း ဖြစ်ပါတယ်။ တော်လှန်ရုပ်ရှင်အတွင်း မင်းမော်ကွန်းအပြင် အောင်မြင့်မြတ်တို့ပါ၀င်ထားပြီး ရုံတင်ရရှိတဲ့ငွေတွေကို တော်လှန်ရေးအတွက် လှူဒါန်းသွားမယ်လို့ သိရပါတယ်။ ရုပ်ရှင်ကို နယူးယောက်မြို့က Walter W.Birge III Theatre…
-
စစ်ကောင်စီ၏ လေတပ်များမှ တိုက်လေယာဉ် နှင့် ဗုံးကျဲလေယာဉ်များ အတက် အဆင်းပြုလုပ်မည့် အရေအတွက် ပြန်လည်များပြားနေ၍ လေ ကြောင်းအန္တရာယ် သတိထားကြရန်လိုအပ်
စစ်ကောင်စီ၏ လေတပ်များမှ တိုက်လေယာဉ် နှင့် ဗုံးကျဲလေယာဉ်များ အတက် အဆင်းပြုလုပ်မည့် အရေအတွက် ပြန်လည်များပြားနေ၍ လေ ကြောင်းအန္တရာယ် သတိထားကြရန်လိုအပ် ရန်ကုန်၊ စက်တင်ဘာ ၂၃ အကြမ်းဖက်စစ်ကောင်စီ၏ လေတပ်များမှ တိုက်လေယာဉ်နှင့် ဗုံးကျဲလေ ယာဉ်များ အတက်အဆင်းပြုလုပ်မည့် အရေအတွက် ပြန်လည်များပြားနေ၍ တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော နယ်မြေများမှ ပြည်သူများအနေ ဖြင့် လေကြောင်းအန္တရာယ်သတိထားကြရန် လို အပ်ကြောင်း နေပြည်တော် တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောဆိုသည်။ စက်တင်ဘာလ ၁၇ ရက်နေ့မှစ၍ နေ့စဉ်၊ အပတ်စဉ် လေတပ်များမှ တိုက် လေ ယာဉ်နှင့် ဗုံးကျဲလေယာဉ်များ အတက်အဆင်း ပြုလုပ်မည့် အ ရေ အတွက် ပြန်လည် များပြားလာခြင်းဖြစ်ကြောင်း၊ လေယာဉ်အတက်အဆင်း…
-
ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ (စက်တင်ဘာ – ၂၃ ရက်၊ နံနက် ၁၀ နာရီ)
ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ (စက်တင်ဘာ – ၂၃ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar #ရွှေဈေး -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၆၂၀ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၅၂၈၇၈၃၈ ကျပ် ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၆၈၁၀၀၀၀ ကျပ် ဝယ်ဈေး ၆၇၇၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၆၆၁၀၀၀၀ ကျပ် ဝယ်ဈေး ၆၅၇၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”…