Author: admin
-
အာဏာသိမ်းခေါင်းဆောင်တက်ရောက်မယ့်ဆိုတဲ့ စစ်တက္ကသိုလ်ကျောင်းဆင်းပွဲ သံချပ်ကာတပ်ပါ ခေါ်ယူလုံခြုံရေးမြှင့်နေ
အာဏာသိမ်းခေါင်းဆောင်တက်ရောက်မယ့်ဆိုတဲ့ စစ်တက္ကသိုလ်ကျောင်းဆင်းပွဲ သံချပ်ကာတပ်ပါ ခေါ်ယူလုံခြုံရေးမြှင့်နေ မေ/ People’s Spring ပြင်ဦးလွင်မြို့မှာ စစ်တက္ကသိုလ်(DSA)ဗိုလ်လောင်းသင်တန်းအမှတ်စဥ် (၆၆) သင်တန်းဆင်းပွဲကို အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် လာမှာဖြစ်လို့ နိုဝင်ဘာလနောက်ဆုံးပတ်ကစပြီး သံချပ်ကာတပ်တွေပါခေါ်ယူပြီးလုံခြုံရေး တင်းကြပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒီဇင်ဘာ ပထမပတ်အတွင်း ပြုလုပ်ရန်စီစဉ်နေတဲ့ DSAသင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၃ ရက် ၊၄ရက် ၊ ၅ရက်နေ့တွေမှာ ပြုလုပ်မယ်လို့ သတင်းလွှင့်ထားတယ်လို့ မြို့ခံ အချို့က ပြောပါတယ် ။ဒါပေမယ့် ကျောင်းဆင်းပွဲကို ဒီဇင်ဘာလ ၆ ရက်နေ့မှာပြုလုပ်မှာဖြစ်ပြီး ကျောင်းနည်းပြတွေနဲ့အရာရှိကြီးတွေကိုသာ ပေးသိထားတယ်လို့လည်းစုံစမ်းသိရပါတယ်။ ပြင်ဦးလွင်မြို့မှာရှိတဲ့ စစ်တက္ကသိုလ်တွေထဲက စစ်တက္ကသိုလ်(DSA)နဲ့ တပ်မတော်နည်းပညာတက္ကသိုလ်(DSTA) ကျောင်းဆင်းပွဲတွေကို အရင်နှစ်တွေတုန်းကလည်း ဒီဇင်ဘာပထမပါတ်မှာပြုလုပ်လေ့ရှိတယ်လို့ ပြင်ဦးလွင်မြို့ခံအချို့က ပြောပါတယ် ။ ဒါပေမယ့်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စစ်တက္ကသိုလ်ကျောင်းဆင်းပွဲရက်တွေကိုအတိအကျ မပြောတော့ပဲသတင်းလွှင့်ထာတဲ့ ရက်ထက်…
-
စစ်ကောင်စီခေါင်းဆောင်ခရီးစဉ်ရှိလို့ ပြင်ဦးလွင်မြို့ရဲ့ လုံခြုံရေးတင်းကြပ်
စစ်ကောင်စီခေါင်းဆောင်ခရီးစဉ်ရှိလို့ ပြင်ဦးလွင်မြို့ရဲ့ လုံခြုံရေးတင်းကြပ် ဆိုင်းမင်း/People’s Spring မန္တလေး ၊ ပြင်ဦးလွင်မြို့ဆီ စစ်ကောင်စီ ခေါင်းဆောင် လာရောက်ဖို့ ရှိတဲ့အတွက် မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေး တင်းတင်းကြပ်ကြပ် စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။ စစ်တက္ကသိုလ် (DSA) ကျောင်းဆင်းပွဲ ဒီဇင်ဘာလ ပထမ ပတ်အတွင်း ပြုလုပ်ဖို့ရှိနေပြီး စစ်ကောင်စီခေါင်းဆောင် တက်ရောက်ဖို့ ရှိတာကြောင့် မြို့လုံခြုံရေးကို နိုဝင်ဘာလကုန်ပိုင်းကစတင် တိုးမြှင့်လာတာလို့သိရပါတယ်။ ” မီးပွိုင့်လိုနေရာမျိုးတွေ၊ လမ်းကြားနေရာတွေမှာ ရဲအင်အားများများချထားတယ်” လို့ ပြင်ဦးလွင်မြို့ ၊ နာရီစင်အနီးနေထိုင်တဲ့ အသက် ၄၀အရွယ်အမျိုးသားတစ်ဦးကပြောပါတယ်။ ပြင်ဦးလွင်မြို့အဝင် အနီးစခန်းစစ်ဆေးရေးဂိတ်၊ ဇီးပင်ကြီး စစ်ဆေးရေးဂိတ်နဲ့ ၁၆မိုင် စစ်ဆေးရေးဂိတ်တွေမှာ အဓိကထားစစ်နေသလို မြို့လည်းပတ်ပတ်လည်မှာလည်းကင်းပုန်းတွေ ချထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် မန္တလေး – ပြင်ဦးလွင်…
-
“အခြေနေတွေထူးခြားပြီဟေ့အပြောင်းအလဲတွေမြင်ရတော့မယ်စစ်တပ်ထဲကလာတဲ့သတင်း”
“အခြေနေတွေထူးခြားပြီဟေ့အပြောင်းအလဲတွေမြင်ရတော့မယ်စစ်တပ်ထဲကလာတဲ့သတင်း”
-
ပွင့်ဖြူတွင် PDF တပ်ဖွဲ့များကို ခြိမ်းခြောက်စာပို့၍ စစ်တပ်အတွက် တပ်သားသစ် စုစောင်းပေးနေသော ဆည်တော်ရွာ အုပ်ချုပ်ရေးမှူး ဌေးဝင်း ပစ်ခတ်ခံရပြီး သေဆုံး၊ လက်လုပ် သေနတ် ၁ လက် သိမ်းဆည်းရရှိ
ပွင့်ဖြူတွင် PDF တပ်ဖွဲ့များကို ခြိမ်းခြောက်စာပို့၍ စစ်တပ်အတွက် တပ်သားသစ် စုစောင်းပေးနေသော ဆည်တော်ရွာ အုပ်ချုပ်ရေးမှူး ဌေးဝင်း ပစ်ခတ်ခံရပြီး သေဆုံး၊ လက်လုပ် သေနတ် ၁ လက် သိမ်းဆည်းရရှိ ရန်ကုန်၊ ဒီဇင်ဘာ ၂ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် PDF တပ်ဖွဲ့များကို ခြိမ်းခြောက်စာပို့၍ အကြမ်းဖက် စစ်တပ်အတွက် တပ်သားသစ် စုစောင်းပေးနေသော ဆည်တော်ရွာ အုပ်ချုပ်ရေးမှူး ဌေးဝင်းကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် -၇ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် ဆည်တော်ကျေးရွာ အုပ်ချုပ်…
-
မင်းအောင်လှိုင်ကို ICC က ဖမ်း၀ရမ်းရန် ထုတ်ရန်ရှိနေမှုအပေါ် မန္တလေးအာဏာရှင်စနစ်ဆန့်ကျင်ရေးအင်အားစုနှင့် မြန်မာနိုင်ငံရှေ့နေများ ကောင်စီက ကြိုဆိုပြီး ဖမ်း၀ရမ်းကို စောလျင်စွာ အတည်ပြု ထုတ်ပေးရန် တောင်းဆို
မင်းအောင်လှိုင်ကို ICC က ဖမ်း၀ရမ်းရန် ထုတ်ရန်ရှိနေမှုအပေါ် မန္တလေးအာဏာရှင်စနစ်ဆန့်ကျင်ရေးအင်အားစုနှင့် မြန်မာနိုင်ငံရှေ့နေများ ကောင်စီက ကြိုဆိုပြီး ဖမ်း၀ရမ်းကို စောလျင်စွာ အတည်ပြု ထုတ်ပေးရန် တောင်းဆို ရန်ကုန်၊ ဒီဇင်ဘာ ၂ အကြမ်းဖက် မင်းအောင်လှိုင်ကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က ဖမ်း၀ရမ်းထုတ်ရန်ရှိနေမှုအပေါ် အာဏာရှင်စနစ်ဆန့်ကျင်ရေးပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး)နှင့် မြန်မာနိုင်ငံရှေ့နေများ ကောင်စီက ကြိုဆိုကြောင်းထုတ်ပြန်ကြသည်။ နိုင်ငံတကာရာဇဝတ်တရားရုံး (ICC)၏ ရှေ့နေချုပ် Karim A.A. Khan KC က အကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင်မင်းအောင်လှိုင်ကို နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC) တွင် ရုံးတင်စစ်ဆေးနိုင်ရေးအတွက် ဖမ်းဝရမ်းထုတ်ပေးရန် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ ဦးတိုက်လျှောက်ထားသည်ကို သိရှိရပါသဖြင့် ထောက်ခံကြိုဆိုအပ်ကြောင်း၊ အကြမ်းဖက် မင်းအောင်လှိုင်၏…
-
ဟားခါးရှိ စစ်တပ်စခန်း ၄ ခုကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီဘက်မှ ၂၀ ဦးနီးပါးသေဆုံးကာ လက်နက် ၅၇ လက်၊ ဒရုန်းနှင့် ခဲယမ်းများ ရရှိ၊ ဟားခါးတိုက်ပွဲများတွင် စစ်တပ်ဘက်မှ တပ်ရင်းမှူး ၃ ဦးသေဆုံး
ဟားခါးရှိ စစ်တပ်စခန်း ၄ ခုကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီဘက်မှ ၂၀ ဦးနီးပါးသေဆုံးကာ လက်နက် ၅၇ လက်၊ ဒရုန်းနှင့် ခဲယမ်းများ ရရှိ၊ ဟားခါးတိုက်ပွဲများတွင် စစ်တပ်ဘက်မှ တပ်ရင်းမှူး ၃ ဦးသေဆုံး ရန်ကုန်၊ ဒီဇင်ဘာ ၂ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဟားခါးနှင့် ထန်တလန် အကြား သီမြစ်ချောင်းအနီးမှ စစ်ကောင်စီတပ်စခန်းများ၊ ဟားခါးမြို့ကာကင်းစခန်းများ စုစုပေါင်း စစ်ကောင်စီတပ်စခန်း ၄ ခုကို ချင်းပြည်အစိုးရ ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း CNA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၃၀ ရက်နေ့ ဟားခါး နှင့် ထန်တလန်အကြားရှိ သီမြစ်စခန်း၊ Umpu Puaknak စခန်း၊ Nawn Thlawk Bo စခန်း…
-
ထီးလင်းတွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂၄ ဦးသေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်း ဆည်းရရှိ
ထီးလင်းတွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂၄ ဦးသေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်း ဆည်းရရှိ ရန်ကုန်၊ ဒီဇင်ဘာ ၂ မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကျောက်ထုမြို့မှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို ၄ ရက်တာ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၂၄ ဦးသေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ လည်း သိမ်းဆည်းရရှိခဲ့ကြောင်း Yaw Army – YA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြား သည်။ နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် နာရီအချိန် ထီးလင်းမြို့မှ ထွက်ခွာလာသော အင်အား…
-
ထိုင်းငါးဖမ်းလှေများကို ပစ်ခတ်ပြီး ထိုင်းသင်္ဘောသားများကို မြန်မာစစ်တပ်က ဖမ်းဆီးမှု ထိုင်းဝန်ကြီးချုပ် ကန့်ကွက်၊ စစ်ကောင်စီ သံအမတ်ကို ယနေ့ ဆင့်ခေါ်၍ ပစ်ခတ်မှုအပေါ် ရှင်းလင်းချက်ပေးရန်နှင့် ထိုင်းနိုင်ငံသားများ ပြန်လွှတ်ခိုင်းမည်
ထိုင်းငါးဖမ်းလှေများကို ပစ်ခတ်ပြီး ထိုင်းသင်္ဘောသားများကို မြန်မာစစ်တပ်က ဖမ်းဆီးမှု ထိုင်းဝန်ကြီးချုပ် ကန့်ကွက်၊ စစ်ကောင်စီ သံအမတ်ကို ယနေ့ ဆင့်ခေါ်၍ ပစ်ခတ်မှုအပေါ် ရှင်းလင်းချက်ပေးရန်နှင့် ထိုင်းနိုင်ငံသားများ ပြန်လွှတ်ခိုင်းမည် ရန်ကုန်၊ ဒီဇင်ဘာ ၂ အကြမ်းဖက်စစ်ကောင်စီက ထိုင်းငါးဖမ်းလှေများကို ပစ်ခတ်ပြီး ထိုင်းနိုင်ငံသား ငါးဖမ်းသမားများကို မြန်မာစစ်တပ်က ဖမ်းဆီးမှုအပေါ် ကန့်ကွက်ကြောင်း ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က သတင်းမီဒီယာများသို့ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပြောဆိုသည်။ နိုဝင်ဘာလ ၃၀ ရက်နေ့ ထိုင်းငါးဖမ်းသင်္ဘောများကို မြန်မာရေတပ်က ပစ်ခတ်ခဲ့သည့် ဖြစ်ရပ်ကို ထိုင်းနိုင်ငံက ကန့်ကွက်ကြောင်း ၊ အဆိုပါဖြစ်စဉ်တွင် ထိုင်းငါး ဖမ်းသမား ၁ ဦး ရေနစ်သေဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာရရှိကာ မြန်မာနိုင်ငံသားများ အပါအဝင်…
-
ပြင်ဦးလွင်တွင် စစ်တပ်ကိုးကွယ်သည့် မြကျောက် အပ္ပမာဒမဟိဒ္ဓိကျောင်းထိုင် ဘုန်းကြီးက စစ်ဘေးရှောင်များ အပါအဝင် အမျိုးသမီး ၂၀ ကျော်ကို လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း၊ မုဒိမ်းကျင့်ခြင်းများကျူးလွန်ပြီး အသက်အန္တရာယ် ခြိမ်းခြောက် 🟥 “သူက ဘုရားအလောင်းဖြစ်တဲ့ အတွက် ပါရမီဖြည့်ဖက် လုပ်ရမယ်။ ဒါကြောင့် သူနဲ့ကလေးမွေးပေးရမှာ။ အဲ့ကလေးကို မျိုးဆက်ချန်ရမှာ” ဟု ပြောဆို လိင်ပိုင်းဆိုင်ရာ စော်ကားကျူးလွန်
ပြင်ဦးလွင်တွင် စစ်တပ်ကိုးကွယ်သည့် မြကျောက် အပ္ပမာဒမဟိဒ္ဓိကျောင်းထိုင် ဘုန်းကြီးက စစ်ဘေးရှောင်များ အပါအဝင် အမျိုးသမီး ၂၀ ကျော်ကို လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း၊ မုဒိမ်းကျင့်ခြင်းများကျူးလွန်ပြီး အသက်အန္တရာယ် ခြိမ်းခြောက် 🟥 “သူက ဘုရားအလောင်းဖြစ်တဲ့ အတွက် ပါရမီဖြည့်ဖက် လုပ်ရမယ်။ ဒါကြောင့် သူနဲ့ကလေးမွေးပေးရမှာ။ အဲ့ကလေးကို မျိုးဆက်ချန်ရမှာ” ဟု ပြောဆို လိင်ပိုင်းဆိုင်ရာ စော်ကားကျူးလွန် ရန်ကုန်၊ ဒီဇင်ဘာ ၂ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်တွင် စစ်တပ်က ကိုးကွယ်သည့် မြကျောက် အပ္ပမာဒမဟိဒ္ဓိကျောင်းထိုင် ဘုန်းကြီးက စစ်ဘေးရှောင် အပါအဝင် အမျိုးသမီး ၂၀ ကျော်ကို လိင်ပိုင်းဆိုင်ရာ စော်ကားပြီး အသက် အန္တရာယ် ခြိမ်းခြောက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ကျူးလွန်ခံရသူတချို့နှင့် အနီးကပ်နေထိုင်ခဲ့ရသူတချို့က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။…