Author: admin

  • “နေပြည်တော်VIPထဲမှာတစ်မိသားစုလုံး၃လော-င်းပြိုင်ဘဲ”

    “နေပြည်တော်VIPထဲမှာတစ်မိသားစုလုံး၃လော-င်းပြိုင်ဘဲ”

    by

    in

    နေပြည်တော်မှာ မိသားစုလိုက် သုံးလောင်ပြိုင် လူသတ်မှုဖြစ်ပွား နေပြည်တော်မှာ မိသားစုလိုက် သုံးလောင်ပြိုင် လူသတ်မှုဖြစ်ပွား ဩဂုတ် ၁၁ – ၂၀၂၄ GG (VOM) နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ မြတ်လေးလမ်းက အိမ်တအိမ်မှာ သုံးလောင်းပြိုင်လူသတ်မှု ဩဂုတ်လ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ အသတ်ခံရတဲ့သူသုံးယောက်က မိသားစုဝင်တွေဖြစ်ပြီး ဓားဒဏ်ရာတွေနဲ့နေအိမ်အတွင်းရှိ တနေရာစီမှာ အသတ်ခံထားရတာဖြစ်ကြောင်း၊ ကားတစီးနဲ့ဖုန်းတွေလည်း ပျောက်ဆုံးနေ တယ်လို့သိရပါတယ်။ ” အဖေ၊အမေ၊သား အားလုံးသုံးယောက်။အဖေဖြစ်သူကမီးဖိုချောင်ထဲမှာအသတ်ခံရတယ်။အမေဖြစ်သူကရေချိုးခန်းထဲမှာ၊သားဖြစ်သူကတော့သူ့အခန်းထဲမှာအသတ်ခံထားရတာတွေ့တယ်။အကုန်လုံးဓားဒဏ်ရာပဲတွေ့တယ်။သားဖြစ်သူကတော့ကုတင်ပေါ်မှာမှောက်ရက်အနေအထားနဲ့သေနေတာ ။ ” လို့ နေပြည်တော်အခြေစိုက်လူမှုကူညီရေးအဖွဲ့ဝင်တယောက်ကပြောပါတယ်။ အသတ်ခံရသူတွေထဲက အသက်၄၉ နှစ်အရွယ်ရှိ ဖခင်ဖြစ်သူ ဦးသန်းနိုင်ထွန်းမှာ ထိုးသွင်းဒဏ်ရာ နှစ် ချက် ၊အသက် ၄၈ နှစ်အရွယ် မိခင် ဖြစ်သူ ဒေါ်စောသန္တာဦးမှာ ထိုးသွင်းဒဏ်ရာ လေးချက်နဲ့…

  • စစ်ကောင်စီက ကြည်း၊ရေ၊ လေနဲ့  အပြင်းအထန်ခုခံကာကွယ်နေတဲ့ကြားက မောင်တောပေါ်ရှိ အရေးပါအချက်အချာကျတဲ့ နေရာတွေကို AA သိမ်းပိုက်

    စစ်ကောင်စီက ကြည်း၊ရေ၊ လေနဲ့ အပြင်းအထန်ခုခံကာကွယ်နေတဲ့ကြားက မောင်တောပေါ်ရှိ အရေးပါအချက်အချာကျတဲ့ နေရာတွေကို AA သိမ်းပိုက်

    by

    in

    စစ်ကောင်စီက ကြည်း၊ရေ၊ လေနဲ့ အပြင်းအထန်ခုခံကာကွယ်နေတဲ့ကြားက မောင်တောပေါ်ရှိ အရေးပါအချက်အချာကျတဲ့ နေရာတွေကို AA သိမ်းပိုက် နောင်မင်းသူ၊ နိရဉ္စရာ၊ဩဂုတ် ၁၁ /၂၀၂၄ စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ဘက်ပေါင်းစုံ သုံးပြီး မောင်တောမြို့ကို အပြင်းအထန် ခုခံကာကွယ်နေတဲ့ကြားက အာရက္ခတပ်တော် (AA)ဟာ မောင်တောမြို့ပေါ်ရှိ စစ်ရေးအရအရေးပါတဲ့နေရာတွေ အားလုံးနီးပါးကို သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြို့ခံတစ်ဦးက ” မနေ့မနက်မှာ မောင်တောမြို့တွင်းနေရာတော်တော်များကို အေအေ ထိန်းချုပ်လိုက်ပါပြီ။ မြို့ကို ထိုးစစ်ဆင်‌နေတဲ့ စစ်မျက်နှာ ၅ ခုကနေ အေအေ တပ်ဖွဲ့တွေ မြို့တွင်းထဲကိုဝင်လာကြပြီး အရေးပါတဲ့ စစ်ရေးအရ အချက်အချာကျတဲ့ နေရာတွေကို ထိန်းချုပ်လိုက်ကြတာပါ။ မြို့တွင်းက အလယ်ရွာမှာ တိုက်ပွဲပြင်းထန်စွာဖြစ်ခဲ့ကြတယ်။ စစ်တပ်ကတော့ ဂျက်တိုက်လေယာဉ်တွေ၊ Y-12…

  • မောင်တောခရိုင်ရဲမှူးကြီး၊ မြို့နယ်မှူး၊ စခန်းမှူးအပါအဝင် ရဲအရာရှိအချို့နှင့် တပ်ဖွဲ့ဝင်အင်အား ၂၀ ကျော် လက်နက်များဖြင့် AA ထံခိုလှုံ

    မောင်တောခရိုင်ရဲမှူးကြီး၊ မြို့နယ်မှူး၊ စခန်းမှူးအပါအဝင် ရဲအရာရှိအချို့နှင့် တပ်ဖွဲ့ဝင်အင်အား ၂၀ ကျော် လက်နက်များဖြင့် AA ထံခိုလှုံ

    by

    in

    နောင်မင်းသူ၊ နိရဉ္စရာ၊ ဩဂုတ် ၁၀ /၂၀၂၄ ရခိုင်ပြည်၊ မောင်တောခရိုင်ရဲမှူးကြီး၊ မြို့နယ်မှူးအပါအဝင် ရဲအရာရှိအချို့၊ ရဲတပ်ဖွဲ့ဝင်အချို့ စုစုပေါင်း အင်အား ၂၀ ကျော်သည် လက်နက်များနှင့်အတူ အာရက္ခတပ်တော်(AA)ထံ ခိုလှုံခဲ့ကြပြီဖြစ်ကြောင်း သိရသည်။ ခရိုင်ရဲမှူးကြီးနှင့် မြို့နယ်မှူး၊ စခန်းမှူးအပါအဝင် ရဲအရာရှိများနှင့် တပ်ဖွဲ့ဝင်အချို့မှာ လက်နက်များနှင့်အတူ ဩဂုတ်လ ၆ ရက်၌ AA တပ်ဖွဲ့များနှင့်ချိတ်ဆက်ကာ AA ထိန်းချုပ်ရာ လွတ်မြောက်နယ်‌မြေများသို့ ခိုလှုံသွားကြခြင်းဖြစ်သည်။ ကျန်ရဲတပ်ဖွဲ့ဝင်အချို့နှင့် မိသားစုဝင်များမှာ ဩဂုတ်လ ၉ ရက်နေ့၌ ပိတ်မိနေကြသည့် မောင်တောမြို့သူမြို့သားများနှင့်အတူ ထိန်းချုပ်ရာနယ်မြေများသို့ လက်နက်မဲ့ AA ထွက်ခွာ လာခဲ့ကြကြောင်း ရဲမိသားစုဝင်များက‌ ပြောဆိုသည်။ ရဲမိသားစုဝင်တစ်ဦးက “ခရိုင်ရဲမှူးကြီးနဲ့ မြို့နယ်မှူး၊စခန်းမှူး၊ ရဲအရာရှိအချို့ပါဝင်တဲ့အဖွဲ့က AA ဖက်ကိုခိုလှုံသွားခဲ့ကြတယ်။ ကျန်ရဲတပ်ဖွဲ့ဝင်အချို့နဲ့မိသားစုဝင်တွေကတော့ AA…

  • မန္တလေးမှာ စစ်အုပ်စု စခန်းနဲ့ ရုံးတွေအနီး နေထိုင်သူတွေ စတင် ပြောင်းရွှေ့၊ စစ်အုပ်စုကလည်း နန်းမြို့ရိုးပေါ် သံအိတ်ကာတဲ့အပြင် မြို့တွင်း ဘန်ကာတွေဆောက်ပြီး ခံစစ်ပြင်၊

    မန္တလေးမှာ စစ်အုပ်စု စခန်းနဲ့ ရုံးတွေအနီး နေထိုင်သူတွေ စတင် ပြောင်းရွှေ့၊ စစ်အုပ်စုကလည်း နန်းမြို့ရိုးပေါ် သံအိတ်ကာတဲ့အပြင် မြို့တွင်း ဘန်ကာတွေဆောက်ပြီး ခံစစ်ပြင်၊

    by

    in

    မန္တလေးမှာ စစ်အုပ်စု စခန်းနဲ့ ရုံးတွေအနီး နေထိုင်သူတွေ စတင် ပြောင်းရွှေ့၊ စစ်အုပ်စုကလည်း နန်းမြို့ရိုးပေါ် သံအိတ်ကာတဲ့အပြင် မြို့တွင်း ဘန်ကာတွေဆောက်ပြီး ခံစစ်ပြင်၊ AN/MFP၊ ဩဂုတ် – ၁၁ မန္တလေးမြို့က စစ်အုပ်စု စခန်းနဲ့ စစ်အုပ်စု ရုံးအနီးမှာ နေထိုင်ကြတဲ့ မြို့ခံပြည်သူတွေနဲ့ စျေးဆိုင်တချို့ ယခုရက်ပိုင်း စတင်ပြောင်းရွေ့တာ၊ ပိတ်သိမ်းတာတွေ လုပ်နေကြတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။ မန္တလေးတိုင်းနဲ့ ရှမ်းမြောက်မှာ ဖြစ်ပေါ်နေတဲ့ မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲတွေအတွင်း စစ်အုပ်စု တပ်စခန်းနဲ့ ဌာနဆိုင်ရာရုံးတွေ အနီးမှာရှိတဲ့ အိုးအိမ်တွေ ပျက်စီးဆုံးရှုံးမှုများတာ၊ စစ်အုပ်စုကလည်း သူတို့နဲ့ အနီးဆုံးမှာ ရှိသူကို ရန်ပြုတာ၊ ဖောက်ထွင်းလုယက်တာ စတဲ့ အခြေအနေတွေကြောင့် ယခုရက်ပိုင်း မန္တလေးမြို့က…

  • “ဒီသတင်းကို အကောင့်ထဲကမိတ်ဆွေတွေကို အမြန်ရှယ်ထားဒီနေ့ဘဲတရားဝင်ကြေညာ”

    “ဒီသတင်းကို အကောင့်ထဲကမိတ်ဆွေတွေကို အမြန်ရှယ်ထားဒီနေ့ဘဲတရားဝင်ကြေညာ”

    by

    in

    မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆောင်ရွက်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အ‌ရေးယူမည် အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများ မှတ်ပုံတင်လက်မှတ်မရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အ‌ရေးယူမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်တွင် ထုတ်ပြန်သော အမိန့်ကြော်ငြာစာအမှတ် (၅၀/ ၂၀၂၃) အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချသော ကုန်စည်နှင့်ဝန်ဆောင်မှု လုပ်ငန်းများသည် မှတ်ပုံတင်လက်မှတ် လျှောက်ထားရရှိပြီးမှ လုပ်ငန်းဆောင်ရွက်ရမည်ဖြစ်သည်။ အဆိုပါအမိန့်ကြော်ငြာစာတွင် ထုတ်ပြန်ပြီး (၆)လ ပြည့်မြောက်သည့်နေ့မှစ၍ မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ကြောင်းတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ အရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ သို့ဖြစ်ပါ၍ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်နေကြသူများအနေဖြင့် eComReg System…

  • စစ်ကောင်စီအတွက်နောက်ဆုံးနေ့ရက်များ ရောက်ရှိလာပြီဖြစ်ပြီး တော်လှန် ရေး အောင်ပွဲ မုခ်ဦးကို မြင်နေရပြီဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြော

    စစ်ကောင်စီအတွက်နောက်ဆုံးနေ့ရက်များ ရောက်ရှိလာပြီဖြစ်ပြီး တော်လှန် ရေး အောင်ပွဲ မုခ်ဦးကို မြင်နေရပြီဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြော

    by

    in

    စစ်ကောင်စီအတွက်နောက်ဆုံးနေ့ရက်များ ရောက်ရှိလာပြီဖြစ်ပြီး တော်လှန် ရေး အောင်ပွဲ မုခ်ဦးကို မြင်နေရပြီဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြော ရန်ကုန်၊ ဩဂုတ် ၁၁ အကြမ်းဖက် စစ်ကောင်စီအတွက်နောက်ဆုံးနေ့ရက်များ ရောက်ရှိလာပြီဖြစ်ပြီး တော်လှန်ရေး အောင်ပွဲ မုခ်ဦးကို မြင်နေရပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုလိုက်သည်။ ယမန်နေ့ ပြုလုပ်ခဲ့သည့် ပြည်သူ့များသို့ အောင်စကား စကား၀ိုင်းတွင် NUG ကာကွယ်ရေးဝန်ကြီးက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီ၏ အင်အားအကြီးဆုံးဟု ပြောဆိုနိုင်သော အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက် သိမ်းပိုက်ရရှိမှုသည် နောက်ထပ် မည်သည့် စစ်တိုင်းဌာနချုပ်ကမှ တော်လှန်ရေး၏ အားကို ခံနိုင်တော့မည့် အခြေအနေ မရှိတော့သည့်အဓိပ္ပာယ်ပင်ဖြစ်ကြောင်း၊ စစ်ကောင်စီ၏ နောက်ဆုံးနေ့ရက်များ ရောက်ရှိလာပြီဖြစ်ကြောင်း ဦးရည်မွန်က ပြောဆိုသည်။ “ဒီနေ့တွေက စစ်ကောင်စီရဲ့…

  • သပိတ်ကျင်းတွင် စစ်တပ်စခန်း ၈ ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က တိုက်ခိုက်သိမ်းပိုက်ထားပြီး ဆက်လက် ထိုးစစ်ဆင်နေ

    သပိတ်ကျင်းတွင် စစ်တပ်စခန်း ၈ ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က တိုက်ခိုက်သိမ်းပိုက်ထားပြီး ဆက်လက် ထိုးစစ်ဆင်နေ

    by

    in

    သပိတ်ကျင်းတွင် စစ်တပ်စခန်း ၈ ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က တိုက်ခိုက်သိမ်းပိုက်ထားပြီး ဆက်လက် ထိုးစစ်ဆင်နေ ရန်ကုန်၊ ဩဂုတ် ၁၀ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် စစ်တပ်စခန်း ၈ ခုကို ပြည်သူ့ကာကွယ် ရေးတပ်မတော်(မန္တလေး)က တိုက်ခိုက်သိမ်းပိုက်ထားပြီး ဆက်လက် ထိုးစစ်ဆင်နေကြောင်း တရားဝင်သတင်းထုတ်ပြန်သည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် သပိတ်ကျင်းမြိုနယ်အတွင်းရှိ သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိရာ သပိတ်ကျင်းမြိုနယ်ရှိ ခလရ (၁၄၈) တပ်စခန်း ၊ ကျောက်ဖြူရွာ တပ်စခန်းနှင့် လိပ်ကျရွာ တပ်စခန်းတိုကို ထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်း ၊ ဩဂုတ်လ ၉ ရက်နေ့တွင် သပိတ်ကျင်းမြိုနယ်အတွင်း၌ ကွင်း ၃၀ ရွာ တပ်စခန်း ၊ လက်ပံပြန့်ရွာ တပ်စခန်း ၊ ဖိုကုန်း တပ်စခန်း ၊ ဝက်သေရွာ…

  • “PDFတွေ မြို့သိမ်းပြီးတော့ နာမည်ကြီးဆယ်လီ အနုပညာရှင်ကြီးကို ထောင်ထဲကနေကယ်လိုက်ပြီ😍”

    “PDFတွေ မြို့သိမ်းပြီးတော့ နာမည်ကြီးဆယ်လီ အနုပညာရှင်ကြီးကို ထောင်ထဲကနေကယ်လိုက်ပြီ😍”

    by

    in

    “PDFတွေ မြို့သိမ်းပြီးတော့ နာမည်ကြီးဆယ်လီ အနုပညာရှင်ကြီးကို ထောင်ထဲကနေကယ်လိုက်ပြီ😍”

  • မန္တလေးမြို့သတင်းထူးပြီ

    မန္တလေးမြို့သတင်းထူးပြီ

    by

    in

    မန္တလေးမြို့သတင်းထူးပြီ

  • နွားထိုးကြီး၊ မြင်းခြံနဲ့ တောင်သာမြို့တွေမှာ ဒီမနက် တိုက်ပွဲ ဖြစ်၊ နွားထိုးကြီးမှာ တိုက်ပွဲ အပြင်းထန်ဆုံး ဖြစ်ပြီး စစ်အုပ်စုက မြို့ကို လေကြောင်းဗုံးကြဲ၊

    နွားထိုးကြီး၊ မြင်းခြံနဲ့ တောင်သာမြို့တွေမှာ ဒီမနက် တိုက်ပွဲ ဖြစ်၊ နွားထိုးကြီးမှာ တိုက်ပွဲ အပြင်းထန်ဆုံး ဖြစ်ပြီး စစ်အုပ်စုက မြို့ကို လေကြောင်းဗုံးကြဲ၊

    by

    in

    နွားထိုးကြီး၊ မြင်းခြံနဲ့ တောင်သာမြို့တွေမှာ ဒီမနက် တိုက်ပွဲ ဖြစ်၊ နွားထိုးကြီးမှာ တိုက်ပွဲ အပြင်းထန်ဆုံး ဖြစ်ပြီး စစ်အုပ်စုက မြို့ကို လေကြောင်းဗုံးကြဲ၊ MN/MFP ၊ ဩဂုတ် – ၁၀ မန္တလေးတိုင်း၊ မြင်းခြံခရိုင် နွားထိုးကြီး၊ မြင်းခြံနဲ့ တောင်သာမြို့ပေါ်က စစ်အုပ်စုကို ဒီမနက်ပိုင်း တော်လှန်ရေး တပ်တွေက စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ ဒီနေ့ ဩဂုတ်(၁၀)ရက် မနက်ပိုင်းက စတင်ပြီး နွားထိုးကြီး၊ မြင်းခြံနဲ့ တောင်သာမြို့ပေါ်က စစ်အုပ်စု အထိုင်ချ တပ်စွဲရာ နေရာတွေကို တော်လှန်ရေးတပ်တွေက စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး နွားထိုးကြီးမြို့မှာ တိုက်ပွဲ အပြင်းထန်ဆုံး ဖြစ်ကာ စစ်အုပ်စုက မြို့ပေါ်…