Author: admin

  • “မြို့လယ်ကောင်လမ်းမကြီးမှာ ဆင်တွေပါမြောကုန်လောက်အောင်ရေကြီးနေတဲ့မြန်မာနိုင်ငံကမြို့ကြီး ကယ်ပေးကျပါဥိး”

    “မြို့လယ်ကောင်လမ်းမကြီးမှာ ဆင်တွေပါမြောကုန်လောက်အောင်ရေကြီးနေတဲ့မြန်မာနိုင်ငံကမြို့ကြီး ကယ်ပေးကျပါဥိး”

    by

    in

    “မြို့လယ်ကောင်လမ်းမကြီးမှာ ဆင်တွေပါမြောကုန်လောက်အောင်ရေကြီးနေတဲ့မြန်မာနိုင်ငံကမြို့ကြီး ကယ်ပေးကျပါဥိး”

  • ပဲခူးတိုင်း တကျော့ပြန်ရေကြီးမှု  တောင်ငူမှာ အဆိုးရွားဆုံးရင်ဆိုင်နေရပြီး ရွာတွေမှာပိတ်မိနေသူ အများအပြားရှိနေ

    ပဲခူးတိုင်း တကျော့ပြန်ရေကြီးမှု တောင်ငူမှာ အဆိုးရွားဆုံးရင်ဆိုင်နေရပြီး ရွာတွေမှာပိတ်မိနေသူ အများအပြားရှိနေ

    by

    in

    ပဲခူးတိုင်း တကျော့ပြန်ရေကြီးမှု တောင်ငူမှာ အဆိုးရွားဆုံးရင်ဆိုင်နေရပြီး ရွာတွေမှာပိတ်မိနေသူ အများအပြားရှိနေ စက်တင်ဘာ ၁၃ – ၂၀၂၄ GG (VOM) ပဲခူးတိုင်းမှာ တကျော့ပြန်ထပ်ပြီးရေကြီးနစ်မြုပ်နေကာ လက်ရှိ တောင်ငူခရိုင်ထဲက ကျေးရွာအများစုမှာ ရေကြီးနစ်မြုပ်မှုဒဏ်ကိုအဆိုးရွားဆုံးရင်ဆိုင်နေရပြီး လူတွေပိတ်မိနေတဲ့ရွာတွေ ရှိနေတာကြောင့် အရေးပေါ်ကယ်ဆယ်ရေးတွေလုပ်ဖို့လိုအပ်နေတယ်လို့သိရပါတယ်။ တောင်ငူခရိုင်ထဲက စစ်တောင်းမြစ်ဘေးတလျှောက်နေထိုင်တဲ့ ရွာအများစုရေလွှမ်းမိုးမှုခံနေရပြီး ကျေးရွာအချို့မှာခုချိန်ထိကယ်ဆယ်ရေးတွေရောက်မလာသေးတာကြောင့် ရွာထဲကနေအိမ်တွေမှာပဲ ပိတ်မိနေကြောင်း ၊ တချို့နှစ်ထပ်နေအိမ်တွေပင်ရေနစ်မြုပ်သွားတာတွေရှိနေတယ်လို့သိရပါတယ်။ ” အရှေ့ဖက်ကမ်းရွာသစ်ကုန်းလဲရေမြုတ်ကုန်ပီးလူတွေလဲထွက်လို့မရကြတော့ဘူး။ ရွာတန်းရှည်အတွင်းတံမန် အပြင်တံမန် ရေကျော်ကျိုးလို့ အကူအညီလိုအပ်နေတယ်။ ကျေးအင်းထုံးဘိုရွာဘက်မှာလည်း လူတွေပိတ်မိနေပါတယ်ဆိုပြီး အကူအညီတွေတောင်းတာအများကြီးရှိတယ်။” လို့ ကယ်ဆယ်ရေး လုပ်နေသူတယောက်ကပြောပါတယ်။ စစ်တောင်းမြစ်ဘေးက ကျေးရွာအများစုမှာ ရေနစ်မြုပ်နေတာကြောင့် ရေစီးလည်းသန်နေတဲ့အတွက် အချို့ရွာတွေဘက်ကို ကယ်ဆယ်ရေးလုပ်ဖို့သွားရန်ပင် အန္တရာယ်များတဲ့အခြေအနေရှိတယ်လို့သိရပါတယ်။ ” ဒိုးအင်း ၊လေးအိမ်စု ၊အရှေ့ဆင်ရွာ ၊ကျေးအင်းထုံးဘို ၊ကွမ်းသီးပင် ၊သဖန်းပင်…

  • “အကြီးအကျယ်ရေမြုပ်နေတဲ့ ဒီဒေသတွေကို PDFနယ်မြေမို့ ကူညီကယ်ဆယ်မဲ့လူတွေကို စကစကပေးမသွားလို့ ပြည်သူတွေဒုက္ခရောက်နေကြပြီ😭”

    “အကြီးအကျယ်ရေမြုပ်နေတဲ့ ဒီဒေသတွေကို PDFနယ်မြေမို့ ကူညီကယ်ဆယ်မဲ့လူတွေကို စကစကပေးမသွားလို့ ပြည်သူတွေဒုက္ခရောက်နေကြပြီ😭”

    by

    in

    ရေတာရှည်မြို့နယ် အရှေ့ခြမ်းရွာများ စစ်ကောင်စီတပ်က ကူညီကယ်ဆယ်ခွင့်ပိတ်ပင် ပဲခူးတိုင်း ရေတာရှည်မြို့နယ် အရှေ့ခြမ်းရှိ ရေနစ်မြုပ်နေသည့်ရွာများကို ကူညီကယ်ဆယ်ခွင့် စစ်ကောင်စီတပ်က တားမြစ်ထားကြောင်း ဒေသခံများ ထံမှ သိရသည်။ ရေကြီးနစ်မြုပ်နေသည့် ရေတာရှည်မြို့နယ် အရှေ့ခြမ်းကျေးရွာသွာများမှာ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များက ထိန်းချုပ်ထားခြင်းကြောင့်ဟုဆိုကာ စစ်ကောင်စီတပ်က သွားရောက်ကယ်ဆယ်ခွင့် တားမြစ်ထားခြင်းဖြစ်သည်ဟု သိရသည်။ “စစ်ကောင်စီတပ်က အရှေ့ခြမ်းကို သွားခွင့်မပြုဘူး။ ရွာပေါင်းက မနည်းဘူးဗျ။ စစ်တောင်းမြစ် ဘေးတလျောက်ပဲ ရွာတွေက။ အခုက စစ်ကောင်စီထိန်းချုပ်ထားတဲ့ရွာတွေကိုပဲ သွားကယ်ခွင့်ပေးထားတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။ စစ်ကောင်စီသည် ၎င်းတို့ထိန်းချုပ်နိုင်သည့်ရွာတန်းရှည်ရွာအထိသာ သွားခွင့်ပြုခြင်းကြောင့် အရှေ့ခြမ်းရှိ ဒေသခံများ အိမ်ခေါင်မိုးပေါ်တက်နေရသည်အထိ ဖြစ်နေသည်ဟု သိရသည်။ “အရှေ့ခြမ်းကို ကယ်ဆယ်ခွင့်မပေးထားဘူးဗျ။ အဲ့ဒီဘက်က PDF ထိန်းချုပ်နယ်မြေဖြစ်နေသလို တပ်ဘက်က လိုက်ပါလို့မရတာကြောင့် သူတို့သွားခွင့်မပေးတာဗျ။…

  • ရန်ကုန်မှာ ထူးကဲဒီရေ သတိထားဖို့ လေ့လာသူပြော

    ရန်ကုန်မှာ ထူးကဲဒီရေ သတိထားဖို့ လေ့လာသူပြော

    by

    in

    ရန်ကုန်မှာ ထူးကဲဒီရေ သတိထားဖို့ လေ့လာသူပြော ~~~ သီရိမင်းဇင် (ဝါရှင်တန်ဒီစီ) ■ ဗီယက်နမ်နိုင်ငံကို ပြီးခဲ့တဲ့ရက်ပိုင်းကဝင်ခဲ့တဲ့ မုန်တိုင်းရာဂီဟာ မိုင် ၃ဝဝ နီးပါးလောက် အချင်းရှိတဲ့ မုန်တိုင်းတစ်ခုဖြစ်ခဲ့ပါတယ်။ တစ်နာရီကို လေတိုက်နှုန်း မိုင် ၁၅၀ နဲ့အထက်ရှိတဲ့အတွက် ၂၀၀၈ ခုနှစ်က မြန်မာကိုဝင်ခဲ့တဲ့ နာဂစ် မုန်တိုင်းထက် ပိုပြင်းထန်ခဲ့တာပါ။ ဒါကြောင့် ဗီယက်နမ်မှာ လူ ၂၀၀ လောက် သေဆုံးခဲ့ပါတယ်။ မြန်မာမှာ ဒီတစ်ကြိမ် နိုင်ငံတစ်ဝန်း ရေကြီးနစ်မြုပ်မှုနဲ့ မြေပြိုမှုတွေကြောင့် လက်ရှိအချိန်အထိ လူ ၃၀ နီးပါး သေဆုံးသွားပြီဖြစ်ကြောင်း RFA က စက်တင်ဘာလ ၁၂ ရက်အထိ ရရှိထားတဲ့ စာရင်းတွေအရ သိရပါတယ်။ မြန်မာနိုင်ငံမှာလည်း မုန်တိုင်း ရာဂီအရှိန်ကြောင့် ဒုတိယအကြိမ်…

  • လောင်းလုံးမြို့နယ်တွင် ငါးရက်ဆက်တိုက်ပွဲဖြစ် ▪️စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများဟု လောင်းလုံး(ပကဖ)ပြော

    လောင်းလုံးမြို့နယ်တွင် ငါးရက်ဆက်တိုက်ပွဲဖြစ် ▪️စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများဟု လောင်းလုံး(ပကဖ)ပြော

    by

    in

    လောင်းလုံးမြို့နယ်တွင် ငါးရက်ဆက်တိုက်ပွဲဖြစ် ▪️စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများဟု လောင်းလုံး(ပကဖ)ပြော ကျော်ဇော/People’s Spring တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ကျေးရွာများအား စစ်ကြောင်းထိုး၍ ပြည်သူပိုင်ပစ္စည်းများအား ဖောက်ထွင်းခိုးယူနေသော စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခုကို ငါးရက်ဆက် တိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယနေ့(စင်တင်ဘာ ၁၂)မွန်းလွဲ ၂ နာရီခန့်က မောင်းမကန်ရဲစခန်းနှင့် ရဲစခန်းနှင့်ကပ်လျက် ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခုကို တော် လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက် ခိုက်ခဲ့သည်။ မူလတွင် မောင်မကန်ရဲစခန်းရှိ စစ်ကောင်စီတပ်သားနှင့် ရဲများကိုသာ တိုက်ခိုက်ရန် ရည် ရွယ်ခဲ့သော်လည်း စစ်ပမ်း၍ ပြန်ဆုတ်လာသော စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခုပါ စခန်းနှင့်ကပ်လျှက် ကျောင်းအတွင်းသို့ရောက်ရှိနေသည်ကိုသိရ၍ နှစ်နေရာလုံးကို တိုက်ခိုက်ခဲ့သည်ဟု လောင်းလုံး(ပကဖ)မှ အသိပေးသည်။ နှစ်ဖက်တိုက်ပွဲအခြေအနေအား အပြည့်အစုံမသိရသေးသော်လည်း တိုက်ခိုက်ချိန် နာရီပိုင်းကြာသည်အထိ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ညနေ…

  • ကရင်နီပြည်မှာ ရေကြီးမြေပြိုမှုကြောင့် လူ နှစ်ဆယ်ကျော် သေဆုံးခဲ့

    ကရင်နီပြည်မှာ ရေကြီးမြေပြိုမှုကြောင့် လူ နှစ်ဆယ်ကျော် သေဆုံးခဲ့

    by

    in

    ကရင်နီပြည်မှာ ရေကြီးမြေပြိုမှုကြောင့် လူ နှစ်ဆယ်ကျော် သေဆုံးခဲ့ ~~~ ■ ရာဂီမုန်တိုင်းအရှိန်နဲ့ မိုးသည်းထန်စွာရွာသွန်းတာကြောင့် ကရင်နီပြည်မှာ ရေကြီရေလျှံဖြစ်နေပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်အပါအဝင် နှစ်ဆယ်ကျော်သေဆုံးခဲ့တယ်လို့ နီးစပ်သူတွေနဲ့ ကူညီကယ်ဆယ်ရေးလုပ်သူတွေက ပြောပါတယ်။ ဖယ်ခုံမြို့နယ်ရှိ ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက တပ်ဖွဲ့ဝင် ၁၈ ဦးဟာ တောင်ကျရေကြောင့် ရေစီးနဲ့ မျောပါသေဆုံးသွားတယ်လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ “ကြားတာတော့ ဖယ်ခုံအနောက်ဖက်ခြမ်းမှာလို့ပြောတယ်၊ စစ်သင်တန်း လေ့ကျင်ခန်းဆင်းရင်း တောင်ကျရေစီးနဲ့ မျောပါသွားတယ်လို့ ကြားရပါတယ်၊ သူတို့တပ်တွေက အသေးစိတ် ထုတ်ပြန်မှပဲ သိရမယ်” ဘယ်ကာကွယ်ရေးတပ်ဖွဲ့က သေဆုံးတယ်ဆိုတာနဲ့ ပတ်သက်ပြီး ကရင်နီအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေကို ဆက်သွယ်မေးမြန်းပေမဲ့ လက်တလော ပြန်လည်ဖြေဆိုတာ မရှိပါဘူး။ ကရင်နီပြည်မှာ ရေကြီးတာကြောင့် အရပ်သားခြောက်ဦးသေဆုံးတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အတွင်းရေးမှူး (၂)…

  • နေပြည်တော်တွင် ရေကြီးမှုကြောင့် လူ ၁၉ ဦး သေဆုံးပြီး သေဆုံးသူအရေ အတွက်  တိုးလာဖွယ်ရှိ၊ တောင်ငူမြို့နယ်အတွင်း စစ်တောင်းမြစ်ကမ်းဘေးကျေးရွာများ ရေမြုပ်နေသဖြင့် ပြည်သူများ သစ်ပင်ပေါ်တက်နေရ

    နေပြည်တော်တွင် ရေကြီးမှုကြောင့် လူ ၁၉ ဦး သေဆုံးပြီး သေဆုံးသူအရေ အတွက် တိုးလာဖွယ်ရှိ၊ တောင်ငူမြို့နယ်အတွင်း စစ်တောင်းမြစ်ကမ်းဘေးကျေးရွာများ ရေမြုပ်နေသဖြင့် ပြည်သူများ သစ်ပင်ပေါ်တက်နေရ

    by

    in

    နေပြည်တော်တွင် ရေကြီးမှုကြောင့် လူ ၁၉ ဦး သေဆုံးပြီး သေဆုံးသူအရေ အတွက် တိုးလာဖွယ်ရှိ၊ တောင်ငူမြို့နယ်အတွင်း စစ်တောင်းမြစ်ကမ်းဘေးကျေးရွာများ ရေမြုပ်နေသဖြင့် ပြည်သူများ သစ်ပင်ပေါ်တက်နေရ ရန်ကုန်၊ စက်တင်ဘာ ၁၃   နေပြည်တော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုများဖြစ်ပေါ်လာခဲ့ရာ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၁၉ ဦး သေဆုံးပြီး သေဆုံးသူအရေအတွက် ဆက်လက် လာဖွယ်ရှိကြောင်း မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ၏ ပြောဆိုချက်အရ သိရှိရသည်။ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်ဝေးမြို့နယ် အပါအဝင် မြို့နယ်များ အတွင်းရှိ ကျေးရွာများမှ ပြည်သူ ပေါင်း ၃၆၀၂ ဦးကို မီးသတ်ဦးစီး ဌာန၏…

  • ဧရာ၀တီတိုင်း၊ ပန်းတိုင်စစ်ဆေးရေးဂိတ်တွင် စစ်တပ်က မှတ်ပုံတင်နှင့် ခရီးသွားထောက်ခံစာ မပြနိုင်သော ခရီးသွားလူငယ်တချို့ကို ကားပေါ်မှ ဆွဲချကာ  တပ်သားသစ်များအဖြစ် စုဆောင်း ၊ ကွမ်းခြံကုန်းတွင်လည်း စစ်တပ်က ဖုန်းများ စစ်ဆေးပြီး ငွေခြိမ်းခြောက်တောင်း

    ဧရာ၀တီတိုင်း၊ ပန်းတိုင်စစ်ဆေးရေးဂိတ်တွင် စစ်တပ်က မှတ်ပုံတင်နှင့် ခရီးသွားထောက်ခံစာ မပြနိုင်သော ခရီးသွားလူငယ်တချို့ကို ကားပေါ်မှ ဆွဲချကာ တပ်သားသစ်များအဖြစ် စုဆောင်း ၊ ကွမ်းခြံကုန်းတွင်လည်း စစ်တပ်က ဖုန်းများ စစ်ဆေးပြီး ငွေခြိမ်းခြောက်တောင်း

    by

    in

    ဧရာ၀တီတိုင်း၊ ပန်းတိုင်စစ်ဆေးရေးဂိတ်တွင် စစ်တပ်က မှတ်ပုံတင်နှင့် ခရီးသွားထောက်ခံစာ မပြနိုင်သော ခရီးသွားလူငယ်တချို့ကို ကားပေါ်မှ ဆွဲချကာ တပ်သားသစ်များအဖြစ် စုဆောင်း ၊ ကွမ်းခြံကုန်းတွင်လည်း စစ်တပ်က ဖုန်းများ စစ်ဆေးပြီး ငွေခြိမ်းခြောက်တောင်း ရန်ကုန်၊ စက်တင်ဘာ ၁၂ ဧရာ၀တီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ပန်းတိုင်စစ်ဆေးရေးဂိတ်တွင် စစ်တပ်က မှတ်ပုံတင်နှင့် ခရီးသွားထောက်ခံစာ မပြနိုင်သော ခရီးသွားလူငယ်တချို့ကို ကားပေါ်မှ ဆွဲချဖမ်းဆီးပြီး စစ်မှုထမ်းရန် တပ်သားသစ်များအဖြစ် စုဆောင်းမှုများရှိနေကြောင်း မျက်မြင်ကြုံတွေ့ရသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စက်တင်ဘာလ ၁၀ ရက်နေ့ ကျုံပျော်မြို့နယ်မှ ရန်ကုန်မြို့သို့ ထွက်ခွာသည့် ခရီးသည်တင်ကားကို စစ်တပ် အပါအဝင် ပူးပေါင်းအဖွဲ့က ညောင်တုန်းမြို့နယ်၊ ပန်းတိုင်းစစ်ဆေးရေးဂိတ်တွင် စစ်ဆေးကြောင်း၊ ခရီးသည်များအားလုံး မှတ်ပုံတင်များ၊ မှတ်ပုံတင်မရှိသူများက ခရီးသွားထောက်ခံစာများ ပြသရကြောင်း၊ ခရီးသည်တင်ကားပေါ်တွင်…

  • “မဟာရန်ကုန်ကြားရတဲ့သတင်းကစိုးရိမ်စရာဒီရေပေ၂၀တောင်…”

    “မဟာရန်ကုန်ကြားရတဲ့သတင်းကစိုးရိမ်စရာဒီရေပေ၂၀တောင်…”

    by

    in

    “မဟာရန်ကုန်ကြားရတဲ့သတင်းကစိုးရိမ်စရာဒီရေပေ၂၀တောင်…”

  • စက်တင်ဘာ ၁၅ ရက်နေ့အထိ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ် ၁၁ ခုမှာ မိုးဆက်ကြီးနိုင်

    စက်တင်ဘာ ၁၅ ရက်နေ့အထိ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ် ၁၁ ခုမှာ မိုးဆက်ကြီးနိုင်

    by

    in

    စက်တင်ဘာ ၁၅ ရက်နေ့အထိ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ် ၁၁ ခုမှာ မိုးဆက်ကြီးနိုင် CJ Platform မိုးကြီးလို့ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသ နေပြည်တော်နဲ့ တိုင်းနဲ့ ပြည်နယ် ၁၀ ခုမှာ စက်တင်ဘာလ ၁၅ ရက်နေ့အထိ မိုးဆက်ကြီးနိုင်တယ်လို့ စစ်ကောင်စီမိုးဇလဌာနက ဒီကနေ့မှာ မိုးလေဝသအထူးခန့်မှန်းချက်အနေနဲ့ သတင်းထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသနဲ့ အနောက်မြောက်ပိုင်းဒေသတို့မှာ ဖြစ်ပေါ်ခဲ့တဲ့ လေပွေလှိုင်းဟာ အနောက်-အနောက်မြောက်ဘက်သို့ တဖြည်းဖြည်းရွေ့လျားနေရာ ဒီကနေ့ မနက်ပိုင်းတိုင်းထွာချက်အရ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းနဲ့ ရခိုင်ပြည်တို့မှာ ဆက်လက်တည်ရှိနေတယ်လို့ မိုးဇလက ဆိုထားပါတယ်။ အဲဒီလေပွေလှိုင်းဟာ နောက် ၃၆ နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းနဲ့ အဲဒီနေရာနဲ့ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့ကို ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီလေပွေလှိုင်းအရှိန်အပြင် ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ…