Author: admin
-
ပုသိမ်မြို့ရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ်သို့ ဒုစစ်ခေါင်းဆောင် နေ့ခြင်းပြန်လာရောက်ပြီး တပ်မိသားစုများကိုစည်းရုံးရေးဆင်း
ပုသိမ်မြို့ရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ်သို့ ဒုစစ်ခေါင်းဆောင် နေ့ခြင်းပြန်လာရောက်ပြီး တပ်မိသားစုများကိုစည်းရုံးရေးဆင်း ဧရာဝတီတိုင်းမ် ဒီဇင်ဘာ ၂၈ ရက် ဧရာ၀တီတိုင်း၊ပုသိမ်မြို့ရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ်သို့ ဒီဇင်ဘာလ ၂၇ ရက်နေ့က ဒုစစ်ခေါင်းဆောင် နေ့ခြင်းပြန်လာရောက်ခဲ့ပြီး တပ်မိသားစုများကို တွေ့ဆုံစည်းရုံးသိရှိရသည်။ ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် AA နှင့် ဖြစ်ပွားနေသော တိုက်ပွဲများတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်များကို စစ်ကူစေလွှတ်ရာတွင် သေဆုံး၊ ဒဏ်ရာရသူ များပြားလာပြီး တပ်မိသားစုများအတွင်း စစ်ကောင်စီအပေါ်ဝေဖန်မှုများ မြင့်တက်လာသောကြောင့် ယခုကဲ့သို့ စည်းရုံးရေးလာဆင်းခြင်းဖြစ်ကြောင်း သိရှိရသည်။ “နတခ လက်အောက်ခံတပ်တွေမှာလည်း ရခိုင်ဘက်ကို စစ်ကူသွားတဲ့အချိန်က လိုင်းခန်းတွေမှာ နာရေးကနေ့တိုင်းဖြစ်နေတာ။ တပ်မိသားစုတွေက စစ်ကောင်စီကိုတော်တော် မကျေနပ်ကြတော့ဘူးဆိုတာ သတင်းကြားလို့သူက တပ်အပေါ်သစ္စာရှိဖို့လာပြောပြီး၊ ထောက်ပံကြေးလေး နည်းနည်းပါးပါးလာပေးတာ”ဟု တပ်မိသားစုနှင့်နီးစပ်သူတစ်ဦးမှဧရာ၀တီတိုင်းမ်ကို ပြောသည်။ ခရီးစဥ်တွင် ပုသိမ်မြို့နယ် ၊ ရွှေမြင်တင်ကျေးရွာရှိ အမှတ်…
-
မိတ္ထီလာမှာ သားအမိနှစ်ဦး သတ်ဖြတ်ခံရမှု သမီးရည်းစား အဆက်ဖြတ်တာ မကျေနပ်လို့ သတ်ဖြတ်ဟုဆို၊ ရပ်ကွက်က ဝိုင်းဖမ်းလို့ ကျူးလွန်သူ သုံးဦးကို ဖမ်းမိ၊
မိတ္ထီလာမှာ သားအမိနှစ်ဦး သတ်ဖြတ်ခံရမှု သမီးရည်းစား အဆက်ဖြတ်တာ မကျေနပ်လို့ သတ်ဖြတ်ဟုဆို၊ ရပ်ကွက်က ဝိုင်းဖမ်းလို့ ကျူးလွန်သူ သုံးဦးကို ဖမ်းမိ၊ ဒေါ်လာ/MFP၊ ဒီဇင်ဘာ – ၃၀ မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ မနေ့က ညဦးပိုင်းအချိန် သားအမိ နှစ်ဦးတည်း ရှိနေတဲ့ နေအိမ်ကို လူသုံးဦးက ဝင်ရောက်ပြီး အိမ်ရှင် သားအမိနှစ်ဦး စလုံးကို ဓားနဲ့ထိုး သတ်ဖြတ်ခဲ့မှုဟာ သမီးရည်းစား ကိစ္စကြောင့် ဖြစ်တယ်လို့ စစ်အုပ်စု ရဲမှတ်တမ်းမှာ ဖော်ပြပါတယ်။ ဒီဇင်ဘာလ ၂၉ရက် ည ၇နာရီကျော်အချိန်က မိတ္တီလာမြို့၊ ကျီတော်ကုန်းရပ်ကွက်၊ ဝမ်းတော်ပြည့်တိုးချဲ့ နယ်မြေ ၈ က နေအိမ်မှာ အမျိုးသမီး နှစ်ဦးတည်း ရှိနေချိန် လူငယ်သုံးဦးက ဝင်ရောက် သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။…
-
မန္တလေးမြို့တွင် အလှကုန်ကုမ္ပဏီအနုကြမ်းစီးရပြီး ကျပ်သိန်း ၆၀၀နှင့်ကားတစ်စီး ပါသွား
မန္တလေးမြို့တွင် အလှကုန်ကုမ္ပဏီအနုကြမ်းစီးရပြီး ကျပ်သိန်း ၆၀၀နှင့်ကားတစ်စီး ပါသွား အင်ကြင်း/People’s Spring မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် စစ်ကောင်စီ၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးရှိ အလှကုန်ရောင်းဝယ်ရေးကုမ္ပဏီ အနုကြမ်းစီးခံရပြီး ကျပ်သိန်း ၆၀၀ခန့် နှင့် ကားတစ်စီး ပါသွားကြောင်း သတင်းရရှိသည်။ ဒီဇင်ဘာ ၂၅ ရက် နေ့လယ် ၁နာရီခန့်က မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၁)ရပ်ကွက်၊ ၄၃ လမ်း၊ ၆၄လမ်းနှင့် ၆၅ လမ်းကြားရှိ ဆင်ဖြူတော်သယ်ယူပို့ဆောင်ရေးနှင့် အလှကုန်ပစ္စည်းရောင်းဝယ်ရေးကုမ္ပဏီ၌ ဝန်ထမ်းအမျိုးသမီး သုံးဦးရှိနေစဥ် နှာခေါင်းစည်း(Mask) များတပ်ထားသည့် သေနတ်ကိုင်ဆောင်ထားသော အမျိုးသား နှစ်ဦးဝင်လာပြီး အနုကြမ်းစီးခဲ့ကြောင်း စစ်ကောင်စီ၏ တယ်လီဂရန်ချန်နယ်များတွင် ရေးသားသည်။ ထို့နောက် ရုံးခန်းအတွင်းရှိ သံသေတ္တာအတွင်းမှ ကျပ်သိန်း ၆၀၀ ခန့်နှင့် ရုံးရှေ့ရပ်ထားသည့် Suzuki Ertiga အမျိုးအစား…
-
ရန်ကုန်မြို့တွင် PDF များနှင့် တော်လှန်ရေးရဲဘော်များကို အိမ်မငှားရန် စစ်ကောင်စီက စာရွက်များလိုက်ဖြန့်၍ ခြိမ်းခြောက်ခြင်း၊ အဆောင်နှင့်အိမ်ပိုင်ရှင်များကို ရပ်ကွက်ရုံးများသို့ ခေါ်ယူ ဖိအားပေးမှုများ လုပ်နေ
ရန်ကုန်မြို့တွင် PDF များနှင့် တော်လှန်ရေးရဲဘော်များကို အိမ်မငှားရန် စစ်ကောင်စီက စာရွက်များလိုက်ဖြန့်၍ ခြိမ်းခြောက်ခြင်း၊ အဆောင်နှင့်အိမ်ပိုင်ရှင်များကို ရပ်ကွက်ရုံးများသို့ ခေါ်ယူ ဖိအားပေးမှုများ လုပ်နေ ရန်ကုန် ၊ ဒီဇင်ဘာလ ၃၀ ရန်ကုန်မြိုု့တွင် PDF များနှင့် တော်လှန်ရေးရဲဘော်များကို အိမ်မငှားရန် စစ်ကောင်စီက စာရွက်များလိုက်ဖြန့်၍ ခြိမ်းခြောက်လာကြောင်း ရန်ကုန်မြို့ မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ရန်ကုန်ရှိ အဆောင်၊ နေအိမ်၊ တိုက်ခန်း၊ ပိုင်ရှင်များအနေဖြင့် ငှားရမ်းသူများ၏ ကိုယ်ရေးအချက်အလက်၊ အ ထောက်အထား၊ ပြည့်စုံစွာရရှိမှသာ ငှားရမ်းခြင်းနှင့် ယင်းအချက်အလက် အထောက်အထားများဖြင့် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများသို့ ဧည့်စာရင်းတိုင်ကြားခြင်းကို ဆောင်ရွက်ရန် စစ်ကောင်စီက ဖိအားပေးလျက်ရှိကြောင်း သိရှိရသည်။ PDF နှင့် တော်လှန်ရေးရဲဘော်များကို အိမ်ငှားရမ်းပါက…
-
ဖလမ်မြို့ မကြာမီအပြီးသတ်သိမ်းနိုင်မည်ဟု ချင်းညီနောင်စစ်ရေးကော်မတီဥက္ကဋ္ဌ ပြော ▪️ဖလမ်းအပါအဝင် ချင်းညီနောင်စစ်ဆင်ရေးအတွင်း စစ်သုံ့ပန်း ၆၀၀ ခန့်နှင့် လက်နက်မျိုးစုံ တစ်ထောင်ကျော်ရဟု အသိပေး ▪️စစ်ဆင်ရေးအတွင်း CDF ခြောက်ဖွဲ့မှ ရဲဘော် ၁၀၀ ခန့်ကျဆုံး၊ ၄၀၀ခန့် ဒဏ်ရာရး
ဖလမ်မြို့ မကြာမီအပြီးသတ်သိမ်းနိုင်မည်ဟု ချင်းညီနောင်စစ်ရေးကော်မတီဥက္ကဋ္ဌ ပြော ▪️ဖလမ်းအပါအဝင် ချင်းညီနောင်စစ်ဆင်ရေးအတွင်း စစ်သုံ့ပန်း ၆၀၀ ခန့်နှင့် လက်နက်မျိုးစုံ တစ်ထောင်ကျော်ရဟု အသိပေး ▪️စစ်ဆင်ရေးအတွင်း CDF ခြောက်ဖွဲ့မှ ရဲဘော် ၁၀၀ ခန့်ကျဆုံး၊ ၄၀၀ခန့် ဒဏ်ရာရး ဟန်နွေ/People’s Spring ချင်းပြည်နယ် ဖလမ်းမြို့ကို မကြာမီ အပြီးသတ်သိမ်းပိုက်နိုင်မည်ဟု ယုံကြည်ကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF) ခြောက်ဖွဲ့စုဖွဲ့ထားသော ချင်းညီနောင်၏ စစ်ရေးကော်မတီ ဥက္ကဋ္ဌ CDF မင်းတပ် စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်းဖေက ပြောကြားသည်။ ချင်းညီနောင်ဖွဲ့စည်းမှု တစ်နှစ်ပြည့်အခမ်းအနားတွင် ချင်းညီနောင်စစ်ဆင်ရေး အခြေအနေများကို အသိပေးရာ ကျင်ဒွေး၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်မြို့များ သိမ်းရထားပြီး ဖလမ်းမြို့ သိမ်းနိုင်ရေးအပြင်းအထန် ထိုးစစ်ဆင်နေကြောင်း ပြောကြားသည်။ ဖလမ်းမြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာ ၁၀ရက်တွင် စတင်ခဲ့ရာ…
-
နိုင်ငံအနောက်ခြမ်းဒေသသိမ်းပိုက်စိုးမိုးရေး ဦးစားပေးလုပ်ဆောင်နေဟု ချင်းညီနောင် အသိပေး
နိုင်ငံအနောက်ခြမ်းဒေသသိမ်းပိုက်စိုးမိုးရေး ဦးစားပေးလုပ်ဆောင်နေဟု ချင်းညီနောင် အသိပေး ▪️တစ်နိုင်ငံလုံးစစ်အာဏာရှင်ချုပ်ငြိမ်းရေး စစ်ရေးဖော်ဆောင်မည် ▪️တော်လှန်ရေးလေးနှစ်တာအတွင်း ချင်းညီနောင်အဖွဲ့ဝင် တပ်များမှ ရဲဘော် ၂၅၀ခန့် ကျဆုံး၊ ၁,၀၀၀ ကျော် ဒဏ်ရာရဟုဆို ဟန်နွေ/People’s Spring ချင်းညီနောင်နှင့် မဟာမိတ်များအနေဖြင့် နိုင်ငံအနောက်ဘက်ခြမ်းဒေသများ သိမ်းပိုက်စိုးမိုးရေးကို ဦးစားပေးလုပ်ဆောင်နေခြင်းဖြစ်ပြီး တစ်ဖက်တွင်လည်း တစ်နိုင်ငံလုံး စစ်အာဏာရှင်ချုပ်ငြိမ်းရေး အတွက် အဆုံးထိစစ်ရေးဖော်ဆောင်သွားမည်ဟု ချင်းညီနောင် အလှည့်ကျ သဘာပတိ CDF မတူပီ တပ်မဟာ(၁) တပ်မဟာမှူး ဆလိုင်းဟောရှည်က ယနေ့(ဒီဇင်ဘာ ၃၀ရက်)ပြုလုပ်သည့် ချင်းညီနောင် တစ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားတွင် အသိပေး ပြောကြားသည်။ ချင်းဒေသကာကွယ်ရေးတပ်(CDF) မတူပီ တပ်မဟာ(၁)၊ CDF မင်းတပ်၊ PDF ဇိုလဲန်း၊ မရာတပ်ဖွဲ့ MDF ၊ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ၊ CDF…
-
ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီ၏ ကတိုင်တိ စစ်ဗျူဟာ ၁ စခန်းကြီးကို တော်လှန် ရေးတပ်များက စတင်တိုက်ခိုက်နေပြီး BGF တပ်ရင်း ၁၀၁၃ တပ်ကပါ တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်
ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီ၏ ကတိုင်တိ စစ်ဗျူဟာ ၁ စခန်းကြီးကို တော်လှန် ရေးတပ်များက စတင်တိုက်ခိုက်နေပြီး BGF တပ်ရင်း ၁၀၁၃ တပ်ကပါ တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင် ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီ၏ ကတိုင်တိ စစ်ဗျူဟာ ၁ ကို KNLA နှင့်မဟာမိတ် ပူးပေါင်းတပ်များက စတင်တိုက်ခိုက်နေပြီး တပ်ရင်းမှူး စောလှကြိုင် ဦးစီးသော BGF တပ်ရင်း ၁၀၁၃ တပ်ကပါ တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်နေကြောင်း တော်လှန်ရေးရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၂၉ ရက်နေ့မှစတင်ပြီး ဖာပွန်မြို့နယ်၊စစ်ကောင်စီ၏ ကတိုင်တိ စစ်ဗျူဟာ ၁ စခန်းကို စတင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်း…
-
ရခိုင်ပြည်နယ်တိုက်ပွဲ ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်မမှူးနှစ်ဦး သေဆုံး
ရခိုင်ပြည်နယ်တိုက်ပွဲ ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်မမှူးနှစ်ဦး သေဆုံး ဇော်ဂျီ(ဧရာဝတီ)/People’s Spring အာရက္ခတပ်တော်(AA)၏ ဂွမြို့သိမ်းတိုက်ပွဲတွင် သေဆုံးသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀၀ကျော်အနက် တပ်မ(၁၁)တပ်မမှူး ဗိုလ်မှူးကြီးတစ်ဦးပါဝင်ပြီး ရခိုင်စစ်မြေပြင်၌ ၁၀ရက်ကျော်အတွင်း ဗိုလ်မှူးကြီးနှစ်ဦး သေဆုံးခြင်းဖြစ်သည်။ တပ်မ (၂၂)တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုးနှင့် တပ်မ(၁၁)တပ်မမှူး ဗိုလ်မှူးကြီးသန်းစိုးဝင်းတို့ သေဆုံးခြင်းဖြစ်သည်။ ဒီဇင်ဘာ ၂၉ရက်တွင် AAက သတင်းထုတ်ပြန်ရာတွင် တပ်မ(၁၁) တပ်မမှူး ဗိုလ်မှူးကြီးသန်းစိုးဝင်းသည် ဗျူဟာမှူး နှစ်ဦးဖြစ်သော ဗိုလ်မှူးကြီး မျိုးညွန့်ဦး နှင့် ဗိုလ်မှူးကြီး ကျော်ဇင်ထိုက်တို့နှင့်အတူ အင်အား ၁,၂၀၀ခန့်ကို ဦးဆောင်၍ သံချပ်ကာပစ်ကူ၊ လေကြောင်း၊ ရေကြောင်းပစ်ကူတို့ဖြင့် ခုခံကာကွယ်ခဲ့သော်လည်း တိုက်ပွဲအတွင်း သေဆုံးသွားပြီဟု ဆိုသည်။ ဗိုလ်မှူးကြီးအောင်နေမျိုးသည် ဒီဇင်ဘာ ၈ရက်က မောင်တောမြို့မြို့နယ်ခြားစောင့်တပ်ဖွဲ့ခွဲ-နခခ(၅)အား သိမ်းယူစဉ် ရွှေတုံး၊ရွှေထည်အချို့နှင့် ငွေကျပ်သိန်း၈၀၀ခန့် နှင့်အတူ…
-
ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာရှိ တာဝါတိုင်စခန်းတွင် စစ်သားအချင်းချင်းပစ်ခတ်မှုဖြစ်ပြီး စစ်သား ၅ ဦး သေဆုံး၊ စစ်ဗိုလ် ၁ ဦးနှင့်ပစ်ခတ်သူ စစ်သားတို့ လက်နက်များ ယူဆောင် ထွက်ပြေး
ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာရှိ တာဝါတိုင်စခန်းတွင် စစ်သားအချင်းချင်းပစ်ခတ်မှုဖြစ်ပြီး စစ်သား ၅ ဦး သေဆုံး၊ စစ်ဗိုလ် ၁ ဦးနှင့်ပစ်ခတ်သူ စစ်သားတို့ လက်နက်များ ယူဆောင် ထွက်ပြေး ရန်ကုန်၊ ဒီဇင်ဘာ ၃၀ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီးရှိ မိုင်တဲတာဝါတိုင်စခန်းတွင် စစ်သားအချင်း ချင်းပစ်ခတ်မှုဖြစ်ပြီး ၅ ဦးသေဆုံးခဲ့ကြောင်း၊ အဆိုပါစခန်းမှ စစ်ဗိုလ် ၁ ဦးက ပစ်ခတ်သူ စစ်သားနှင့်အတူ လက်နက်ခဲယမ်းများ ယူဆောင် ထွက်ပြေးသွားကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ မိုင်တဲတာဝါတိုင်စခန်း တွင် စစ်သားအချင်းချင်း စကားများ ရန်ဖြစ်ပြီး စစ်သားတစ်ဦးက…
-
ရန်ကုန် အပါအဝင် နိုင်ငံတစ်ဝန်း ဘုရားပွဲ ၊ ပျော်ပွဲ ရွှင်ပွဲနှင့် စျေးပွဲတော်များက လူငယ်များကို တပ်သားသစ်များအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးနေသည့် ပစ်မှတ် နေရာများဖြစ်လာပြီး ဖမ်းဆီးခံရသည့် လူငယ်များကို စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့များက ဆက်တိုက် ငွေညှစ်မှုများဖြစ်ပေါ်နေ
ရန်ကုန် အပါအဝင် နိုင်ငံတစ်ဝန်း ဘုရားပွဲ ၊ ပျော်ပွဲ ရွှင်ပွဲနှင့် စျေးပွဲတော်များက လူငယ်များကို တပ်သားသစ်များအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးနေသည့် ပစ်မှတ် နေရာများဖြစ်လာပြီး ဖမ်းဆီးခံရသည့် လူငယ်များကို စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့များက ဆက်တိုက် ငွေညှစ်မှုများဖြစ်ပေါ်နေ ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ရန်ကုန်မြို့ အပါအဝင် နိုင်ငံတစ်ဝန်းတွင် ကျင်းပနေသည့် နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲများသည် လူငယ်များကို တပ်သားသစ်များအဖြစ် ပစ်မှတ်ထား၍ ပေါ်တာဆွဲ ဖမ်းဆီးသည့် ပစ်မှတ်နေရာများဖြစ်လာကြောင်း ထွေ/အုပ်သတင်းရင်းမြစ်တချို့နှင့် ဒေသပြည်သူများထံမှ ရန်ကုန်ခေတ်သစ် သတင်းဌာနက စုံစမ်းသိရှီရသည်။ ၂၀၂၅ ခုနှစ် နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲများကို လာရောက်မည့် လူငယ်များကို အကြမ်းဖက် စစ်တပ်က ပစ်မှတ်ထား၍ ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ လုပ် ဆောင်ရန်ရှိနေပြီး မကြာသေးမီက စမ်းချောင်းတွင် ကျင်းပခဲ့သည့်…